မနက်ခင်း အလင်းရောင်မှိန်မှိန်စထွက်ချိန် ကျေးငှက်သံသာတွေလဲ တေးဆိုကြတဲ့အချိန်ပေါ့......
အခန်းအပြင်က ဝရံတာမှာ တစ်ဖက်လမ်းကို မျှော်ကြည့်ရင်း ထယ်ရယ်တစ်ယောက် အသံတိုးတိုးလေးဖြင့်
"အီဂျောင်ဟျွန်းဆိုတဲ့ကောင် ဒီနေ့ အထက်တန်းစတတ်ရမယ့် ပထမဆုံးနေ့မို့လို့ စောစောလာပါဆိုပြီးphဆက်ထား
တာကို အခုထိအရိပ်တောင်မမြင်ရသေးဘူး လာရဲလာ
ကြည့် စိတ်ကောက်ပစ်လိုက်ဦးမယ်'' ဟု တစ်ယောက်ထဲ
စကားပြောနေမိသည် ။ဒီနေ့က ပထမဆုံး ကျောင်းပြန်တတ်ရမယ့်နေ့မို့ ထယ်ရယ် နောက်မကျချင်ပါ ။
ဒါ့ကြောင့်ပဲ ထယ်ရယ်ကိုယ်တိုင်တောင် မနက်အစောကြီးထပြီး ရေမိုးချိုး မနက်စာစားပြီး ကျောင်းဝတ်စုံဝတ်ကာ
ကျောင်းသွားဖို့ အသင့်အနေထားဖြစ်နေပြီ။
အတူသွားမယ်ဆိုပြီး လာပြောထားသည့်သူကတော့ အခုထိ ပေါ်ကိုမလာသေးပါ။
ထိုသူကတော့ အခြားသူမဟုတ် မူလတန်းကထဲက ထယ်ရယ်နဲ့ကျောင်းအတူတတ်ခဲ့တဲ့ သွားအတူ စားအတူ
လာအတူ သူငယ်ချင်းအရင်းကြီး အီဂျောင်ဟျွန်းဖြစ်လေ
သည်။ထယ်ရယ် ပွစိပွစိပါးစပ်ကနေရွတ်နေတုန်း မကြာပါ
ဂျောင်ဟျွန်းရောက်လာခဲ့သည်
အပြေးရောက်လာသော ဂျောင်ဟျွန်းကိုကြည့်ပြီး
ထယ်ရယ် တစ်ခုခုစိတ်အလိုမကျဖြစ်နေပြီး စိတ်ထဲကနေ
"အထက်တန်းကျောင်းသားတစ်ယောက်က ဒီလောက်ထိကြည့်ကောင်းနေဖို့လိုလို့လား"ဟူ၍ တွေးလိုက်သည်။
လက်တွေ့အပြင်မှာတော့ ထုတ်မပြောရဲပါ အီဂျောင်ဟျွန်းတစ်ယောက် တာဝတိံသာထိမြှောက်တတ်သွားမှာစိုးရိမ်ရသည်။ဂျောင်ဟျွန်းလဲ မနက်ကအိပ်ယာထနောက်ကျနေသော
ကြောင့် အခုမှအပြေးအလွှားထလာရလေသည်။
ထင်ထားသည့်အတိုင်းပဲ နှုတ်ခမ်းတစ်တောင်လောက်
ထော်ကာ ကင်မ်ထယ်ရယ်တစ်ယောက် သူ့ကိုစောင့်နေတာ
တွေ့လိုက်ရသည်။
သေချာပါတယ် တစ်စုံတစ်ထယ်ကတော့ စိတ်ကောက်နေ
ပြီဆိုတာ...
ဂျောင်ဟျွန်းလဲ ဒီတစ်ခါသူမှားတာဖြစ်လို့ ချော့ဖို့ပြင်နေ
တုန်း ထယ်ရယ်တစ်ယောက် သူ့ကိုခေါင်းအစခြေအဆုံး
ကြည့်ပြီး ရှုံ့မဲ့နေတာမြင်ရပြန်သည်။
မနေနိူင်တော့သည့်သူကပဲ စကားစရလိုက်လေသည်LJH - ထယ်ရယ်ရေ နောက်ကျသွားလို့ တောင်းပန်ပါတယ်ကွာ
ငါမနက်က အိပ်ယာထနောက်ကျသွားလို့ပါကွာ
တစ်ခါလောက်တော့ ခွင့်လွှတ်ပါနော် နော်ကင်မ်ထယ်ရယ်တဲ့ တစ်ထယ်ရယ်ထဲပဲရှိတယ် ဒီတိုင်း
ကျော်သွားလိုက်စရာလား
KTR - မင်းပဲငါ့ကိုအတူသွားရအောင်ဆိုပြီးအရင်လာခေါ်တာလေ ပြီးတော့မင်းပဲရောက်မလာတာ အစောကြီးထပြင်ဆင်ထားရတဲ့ငါက အားနေတယ်ထင်တာလား
အီဂျောင်ဟျွန်း!!!!LJH - ငါတကယ်တောင်းပန်ပါတယ်ကွာ ငါတို့ထယ်ရယ်
ကျေနပ်အောင် ဘာပြန်လုပ်ပေးရမလဲ?
မုန့်ဝယ်ကျွေးရမလား ရေခဲမုန့်စားမလား အင်္ကျီဝယ်ပေးရ
မလား? အစိမ်းရောင်လေးလေ?KTR - ဟျောင့် မင်းအာ့လိုပြောတိုင်းစိတ်ပြေသွားစရာလား ဒါနဲ့ နှစ်မျိုးလုံးလုပ်ပေးမယ်ဆို စိတ်ပြေပေးမယ်
LJH - ငါတို့ထယ်ရယ်ဖြစ်ချင်တာအကုန်ဖြည့်ဆည်းပေး
မှာမို့လို့ လောလောဆယ် စူနေတဲ့နှုတ်ခမ်းကြီးကိုသိမ်းပြီး
ကျောင်းသွားကြစို့လားKTR - အတည်ဝယ်ပေးရမှာနော် ရေခဲမုန့်လဲစားမှာ
အင်္ကျီကို အစိမ်းရောင်လှတာလေးဝယ်ပေးနော် အစိမ်းရောင်နော်...LJH - ဟုတ်ပါပြီ အစိမ်းရောင်ပဲဝယ်ပေးမှာမို့လို့ လာ
ကျောင်းသွားကြစို့ထိုမှသာ ထယ်ရယ်လဲ ဂျောင်ဟျွန်းလက်ကိုဆွဲပြီး
ကျောင်းဆီသို့ဦးတည်ခဲ့လိုက်သည်.....ကင်မ်ထယ်ရယ်ကတော့ ပုံမှန်အတိုင်း လက်ကိုဆွဲသွားပေ
မယ့် လက်အကိုင်ခံထားရတဲ့ ဂျောင်ဟျွန်းခဗျာ ဗိုက်ထဲ
တွင် လိပ်ပြာအကောင်တစ်ရာလောက် ပျံသန်းနေသလား
မှတ်ရသည်....LJH pov: ငါ့ကို ဘယ်လောက်ထိရူးအောင်လုပ်နေမှာလဲ
ကင်မ်ထယ်ရယ်.....****
"အချစ်ဦး" တဲ့ စာလုံးလေးက သုံးလုံးထဲပါပဲ။ကျွန်တော့အတွက်တော့ နောက်ထပ်စာလုံးတစ်ခုနဲ့
ပြောင်းထည့်ကြည့်ချင်တယ် ငယ်ငယ်ကထဲက
အရိပ်တကြည့်တကြည့်ချစ်လာရတဲ့သူမို့ "ငယ်ချစ်ဦး"
ဆိုပြီးပေါ့...ကင်မ်ထယ်ရယ်က ကျွန်တော်ဂျောင်ဟျွန်းရဲ့
''ငယ်ချစ်ဦး"!!!!!!
****# # # Part-1 End # # #
YOU ARE READING
Can I be your Boy?
Short Storyအမြဲတမ်းမင်းကိုပဲ နှလုံးသားထဲထည့်ထားတော့ ကိုယ့်ကိုကိုယ်တောင် မေ့လျော့နေတဲ့ငါပါ.....