ဂျောင်ဟျွန်းတစ်ယောက် ညည့်နက်နေသော်လည်း
ဒီနေ့ကျောင်းမှာဖြစ်ခဲ့သည်များကို ပြန်တွေးရင်း ခေါင်းကိုအလုပ်ပေးနေမိသည်**
Back to school.....
အချိန်အားဖြင့် Lunch timeဖြစ်လေသည်
Canteenတွင် ထယ်ရယ်တို့သူငယ်ချင်းအဖွဲ့ နေ့လည်စာစားရင်း စကားဖောင်ဖွဲ့နေကြသည်မကြာပါ ဂျောင်ဟျွန်းလဲ basketball teamအဖွဲ့နဲ့အတူ
လေ့ကျင့်ပြီးလို့ နေ့လည်စာစားရန် ကန်တင်းသို့ဝင်လာကြ
သည်
ဂျောင်ဟျွန်းလဲ ပုံမှန်အတိုင်း ထယ်ရယ့်ဘေးက ခုံအလွတ်
တစ်ခုမှာဝင်ထိုင်လိုက်ရင်း ထယ်ရယ့်ကိုကြည့်လိုက်သည်LJH pov: တစ်မနက်လုံးလေ့ကျင့်နေရတော့ ထယ်ရယ့်
မျက်နှာလေးမမြင်ရတာ ၄နာရီလောက်ရှိပြီလေ အခုအဝ
ပြန်ကြည့်ထားရမယ်။ထယ်ရယ်လဲ ဘေးနားကနေ လာစိုက်ကြည့်နေတဲ့
ဂျောင်ဟျွန်းကိုသတိထားမိပြီး
KTR : ရား! အီဂျောင်ဟျွန်း ထမင်းမစားပဲဘာလုပ်နေတာ
လဲ ငါ့ထိုင်ကြည့်နေတော့ဘာရမှာလဲ ဗိုက်ဝမှာလား
ထမင်းစားစရာရှိတာစားလေFriend 1 : ငါ့အထင် သူတကယ်ဗိုက်ဝလောက်တယ်
ထယ်ရယ်ရား
Friend 2 : ဟုတ်တယ် ထမင်းစားရင်တောင် အာ့ကောင်
ဗိုက်ဝမယ်မထင်ဘူး
Friend 3 : ကင်မ်ထယ်ရယ်ကိုမြင်နေရရင် ဗိုက်ပြည့်တဲ့
အီဂျောင်ဟျွန်း ပိုကိုပိုတဲ့အီဂျောင်ဟျွန်း!ထိုသို့သူငယ်ချင်းတွေဝိုင်းစကြရာ ကန်တင်းတစ်ခုလုံး
သူတို့အုပ်စုအသံများလွှမ်းမိုးသွားလေသည်ဂျောင်ဟျွန်းလဲ သူငယ်ချင်းတွေစနောက်သမျှကို မျက်နှာ
လေးရဲကာ လိုက်ပြီးထုရိုက်နေသော ထယ်ရယ့်ကိုကြည့်
ရင်း သဘောတကျပြုံးမိသည်။
LJH pov : မျက်နှာလေးရဲနေတာကအစ ကင်မ်ထယ်ရယ်
က ချစ်ဖို့ကောင်းနေတာပဲ ဘုရားဘုရား ကျွန်တော်မျိုးကို
ကင်မ်ထယ်ရယ့်စက်ကွင်းထဲက ကယ်တင်ပါ....တွေးလက်စအတွေးများကိုရပ်ပြီး ဂျောင်ဟျွန်းတစ်
ယောက် သူငယ်ချင်းတွေကိုလိုက်ရိုက်နေတဲ့ ထယ်ရယ့်ကိုလိုက်ဆွဲရသည်
LJH : ထယ်ရယ်ရား အာ့ကောင်တွေစနေတာကို အရေး
လုပ်မနေနဲ့ လာပါစားလက်စထမင်းကိုလာပြန်စားပါ
YOU ARE READING
Can I be your Boy?
Contoအမြဲတမ်းမင်းကိုပဲ နှလုံးသားထဲထည့်ထားတော့ ကိုယ့်ကိုကိုယ်တောင် မေ့လျော့နေတဲ့ငါပါ.....