လော့ရှင်းရီ...သူ့ဘဝက လူတွေရဲ့အမြင်မှာ အရမ်းအားကျစရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတယ် လက်လှမ်းမမီနိုင်တဲ့ဘဝ ပိရမစ်ရဲ့ထိပ်ဆုံးကရပ်တည်နေတဲ့လူ
နတ်ဘုရားရဲ့မျက်ရှုရတနာလေး ကံကောင်းခြင်းရဲ့သားတော်..
ဒါတွေက သူ့ကိုမြင်သူတိုင်းက သတ်မှတ်ကြတဲ့စကားလုံးတွေ အားလုံးရဲ့အမြင်မှာ သူကnovelတွေမှာ ရေးထားတဲ့ အဓိကဇာတ်ဆောင်လိုလူမျိုး.. ငွေကြေး အာဏာ မိသားစုနောက်ခံ ရုပ်ရည် သူအလိုရှိတိုင်းရနိုင်တဲ့ဘဝ..
ဒါမဲ့ လူတိုင်းသိထားတဲ့အရာတိုင်းဟာ ကန့်သတ်ချက်နဲ့ အပေါ်ယံများသာအထက်တန်းလွှာမိသားစုတိုင်း အဖြေမရှာနိုင်တဲ့အရာ.. အတွင်းကျကျစုံစမ်းတာတောင်မသိနိုင်တဲ့အရာ... ထိုအရာက သူတို့အသိုင်းအဝိုင်းကြားမှာ ပဟေဠိဖြစ်ဖွယ် ခန့်မှန်းချက်အမျိုးမျိုးရှိပေမဲ့ ဘယ်အရာကအစစ်မှန်လည်းမသိ ..
လော့မင်ချန်း ဆိုတဲ့မြေခွေးကြီးကို သွားမေးလို့မရ... သူတို့ လော့ရှင်းရီပေါ်လာတဲ့အချိန်က စပြီး အဲ့ကောင်လေးရဲ့ဇစ်မြစ်ကိုဘယ်သူမှအတိကျမသိတာပဲလော့မင်ချန်းရဲ့မြေးဆိုတာ လူတိုင်းသိပြီးသားပဲ ဒါမဲ့ သူအရမ်းချစ်ရတဲ့မြေးကို ဘာကြောင့် အသက်၁၃နှစ်မှ အများရှေ့ထုတ်ပြရတာလည်း ထိုအချိန်ကမှ မြေခွေးအိုကြီးမှာမြေးတစ်ယောက်ရှိမှန်းသူတို့သိကြတာ
..ဒီအသက်၁၃နှစ်အရွယ် မြေးကဘယ်ကပေါ်လာတာလည်း အားလုံးသိထားရမှာက. လော့မင်ချန်းရဲ့ဘဝမှာ မိန်းမတစ်ယောက်ထဲရှိခဲ့တာပဲ အဲ့ဒါကအဓိကမဟုတ် သူ့မှာသားတစ်ယောက်သာမွေးထားခြင်းဖြစ်သည် လူတိုင်းသိပြီးသားအရာက လော့မင်ချန်းရဲ့သား လော့ဟန်ရီက. လော့အုပ်စုရဲ့တစ်ဦးတည်းသောမင်းသားလေးဆိုတာလော့ဟန်ရီကလည်း ငယ်ငယ်ထဲက အရည်အချင်းရှိသူဖြစ်သည် အထက်တန်းလွှာသခင်လေးတွေထဲမှာ သူက ထိပ်ဆုံးပုလ္လင်နေရာကလူပင် အသက်၁၆နှစ်မှာ နိုင်ငံခြားတွင်ကျောင်းတက်ရန်ပြည်ပသို့ထွက်ခွာသွားတာကို လူတိုင်းသိပြီးသားပဲ
ဒါဆို ဒီကလေးက လော့ဟန်ရီရဲ့သားလား မဟုတ်ဘူးငြင်းရအောင်လည်း ထိုကလေးရဲ့မျက်နှာက. လော့ဟန်ရီရဲ့အသေးစားဗားရှင်းလေးပင် မက်မွန်လွှာမျက်ဝန်းများကသာ အနည်းငယ်နူးညံ့နေတာပင် ဒါက မိခင်ဖြစ်သူနဲ့တူတာဖြစ်မည် စသဖြင့်ခန့်မှန်းချက််များကို သူကြီးပြင်းလာသည့်တစ်လျှောက်ကြားခဲ့ရသည်
YOU ARE READING
He (or) My Lord
Romanceနွေးထွေးသယောင်ထင်ရတဲ့ ထိုလူသားရဲ့မျက်ဝန်းတွေ နူးညံ့ချိုသာဟန်ထင်ရတဲ့ ထိုသူ့အပြုံးတွေ နူးညံ့သယောင်ထင်ရတဲ့ ထိုလူသားရဲ့အအေးစက်ဆုံးသောနှလုံးသား... အာရုံစိုက်ခံရတာမကြိုက်တဲ့ထိုလူသားလေးက သူကိုယ်တိုင်ကဆွဲဆောင်မှုဖြစ်နေတာကိုဂရုမစိုက်မိဘူးတဲ့ အန်းမုဟန်က ပြီးပ...