သာယာလှပသောနံနက်ခင်းလေးတစ်ခု~~
ဆိုပေမယ့်ရစ်ကီရှန်အတွက်တော့မဟုတ်ခဲ့ပါဘူး ငယ်ငယ်တုန်းကချစ်စရာကောင်းသလောက် ကြီးလာမှဂျစ်ကန်ကန်နဲ့မိမိုက်ချင်နေသောလူဆိုးလေးတစ်ယောက် အခုအချိန်မှာတော့ အထက်တန်းစီနီယာနှစ်ရောက်နေပြီဖြစ်ပေမယ့် စာဆိုတဲ့အသံကြားတာနဲ့ ဦးနှောက်ပဲမပါတော့သလိုလိုနှင့် သဝေထိုးအလေလိုက်လာတာ စီနီယာyearကို နှစ်ခါကျပြီးပြီဖြစ်သည်။
ဒီနေ့မှာတော့ နောက်တစ်နှစ်ပြန်တတ်ရမည့်ပထမဆုံးနေ့လေးမှာ သူစိတ်မကြည်မလင်စွာနိုးလာခဲ့သည်ပေါ့ စာမလုပ်ချင်နေကျောင်းသွားပြီးအလေလိုက်ဖို့အတွက်တော့ သူရေမိုးချိုးပြီး ကျောင်းသွားဖို့အတွက် အောက်ထပ်သို့ဆင်းလာတော့သည်။
" ဟဲ့ သား မနက်စာစားသွားဦးလေ "
" မစားတော့ဘူး အမေရာ ဟိုရောက်မှကြုတ်ကြတ်ကြည့်ပြီးစားလိုက်တော့မယ် "
" အော် ဒီကလေးနဲ့လည်း တကယ်ခက်ပါလားကွယ် "
ရစ်ကီတစ်ယောက်သူ့အမေစကားကိုလျစ်လျှူရှု့ကာ သူ့မွေးနေ့တွင်လက်ဆောင်ရထားသော ပြိုင်ကားနှင့်ကျောင်းသို့ထွက်လာခဲ့တော့သည်။
တစ်ဖက်တွင်တော့ ကျောင်းသို့မနက်စောစောရောက်နှင့်နေပြီဖြစ်သော ကျောင်းတွင်အငယ်ဆုံးစာအတော်ဆုံးချစ်စရာအကောင်းဆုံးဖြစ်တဲ့ ဟန်ယူဂျင်း။
ယူဂျင်းသည်မနက်စောစောထကာစိတ်ကြည်လင်စွာဖြင့်ကျောင်းလာရသည်ကိုသိပ်သဘောကျသူဖြစ်သည် စာလည်းတအားတော်သည်မှာ တစ်ကျောင်းလုံးတွင် ပထမနေရာကမဆင်းသူဖြစ်သည် ယူဂျင်းထက်အငယ်တွေမကစီနီယာတွေကပါ ကျူတာအဖြစ်အလိုရှိကြသည် သို့ပေမယ့် ယူဂျင်းကတော့ သူ့ကိုယ့်သူပဲအာရုံစိုက်ချင်တာကြောင့် ရှုပ်ရှုပ်ရှက်ရှက်ဇယားတွေသူမကြိုက်ပေ။
" ဟျောင့် ကျောင်းကိုမနက်အစောကြီးရောက်နေပါလားကွ "
" အရင်တုန်းကကောမရောက်လို့လား "
" သြော် မင်းကစကားအကောင်းကိုပြောမရဘူး "
" မင်းကသိရဲ့သားနဲ့မေးနေတာကို ဂွန်းဝူစုတ်ရဲ့"
![](https://img.wattpad.com/cover/340842577-288-k937593.jpg)
YOU ARE READING
BECAUSE OF YOU ♡~
FanfictionShenYujin♡ Bad boy Rickyလေးနဲ့ Good boy Yujinလေးတို့ရဲ့ Destinyကဘယ်လိုဖြစ်လာမလဲ~~?? UN+ZG Started Date : 2.4.2023 End Date : ______