"ထတော့ ကလေး"
"5မိနစ်ဘဲ 5မိနစ်"
"5မိနစ် 5မိနစ်နဲ့ များနေပီ ကျောင်းချိန်နီးနေပီလေကွာ"
Rickyရဲ့ပုံမှန်မနက်ခင်းတစ်ခုပေါ့။
ဘယ်တော့မှ စောစောမထချင်တဲ့ Rickyကို ရည်းစားဖြစ်သူ Jiwoongကမနက််တိုင်းနှိုးပေးရသည်။ဘယ်လောက်နှိုးနှိုးခုထိ ပေကပ်ကပ်နေ နေတုန်း။
"ခဏနေလို့မှမထသေးရင် ကိုယ်ဖက်နမ်းမိလိမ့်မယ်"
ခြိမ်းခြောက်သလိုလေး အချစ်စကားဆိုမှ ပျာပျာပျာပျာနဲ့ထလာသူ။
"ထပီထပီ!"
"ကိုယ်အင်္ကျီထုတ်ပေးထားတယ် အကုန်ပီးရင် အောက်ဆင်းခဲ့နော် ကိုယ်မနက်စာပြင်ထားမယ်"
ခေါင်းသာတစ်ချိတ်ငြိမ့်ပြပီး ရေချိုးခန်းထဲသို့ သုတ်သုတ် သုတ်သုတ်ဝင်သွားရပါသည်။
နောက်ထပ်မိနစ်နည်းနည်းနောက်ကျတာနဲ့ ရည်းစားဖြစ်သူက ဆူတော့မှာ။______________________
စားပွဲဝိုင်းပေါ်က ပြင်ထားတဲ့ တစ်နေ့တစ်မျိုး မရိုးရတဲ့ မနက်စာကိုကြည့်ရင်း တစ်ချက်တွေးမိသည်။
Kim ji woongကိုရည်းစားတော်ထားရတာဘယ်လောက်တောင် ကောင်းလိုက်သလည်း!"ထိုင်လေ ဘာလို့စိုက်ကြည့်နေတာလည်း ကိုယ်ပြင်ထားတာ မကြိုက်ဘူးလားကလေး"
"မဟုတ်ပါဖူး ကြိုက်တယ်"
"ကြိုက်ရင်ထိုင်တော့ ကျောင်းနောက်ကျတော့မယ်"
ချက်ချင်း စားပွဲခုံပေါ်မှာ ဝင်ထိုင်ရင်း ပြင်ထားတဲ့ မနက်စာကို တစ်လုတ်စားလိုက်သည်။
"ဒီနေ့ကိုယ် ဟိုဘက်တစ်ကျောင်းကိုသွားရမယ်ထင်တယ်"
Jiwoongစကားဆိုတော့ ခေါင်းဝါဝါလေးက ချက်ချင်း မျက်လုံးလုံးဝိုင်းဝိုင်းလေးတွေနဲ့ လှည့်ကြည့်လာသည်။
Jiwoongက Rickyတို့ အထက်တန်းကျောင်းက ဂီတဆရာတစ်ယောက်ပါ။
ဖူးစာပါတယ်ရယ်ဘဲဆိုရမလား။ဂီတဆရာနဲ့ အထက်တန်းကျောင်းသားလေးက ရည်းစားတွေဖြစ်သွားကြတယ်တဲ့။
"ဘာကိစ္စရှိလို့လည်း"
"သူတို့ကျောင်းမှာ ကျောင်းအုပ်မွေးနေ့ပွဲရှိလို့တဲ့ ကိုယ့်ကို လာဖျော်ဖြေပေးပါဆိုပီး ဖိတ်ထားတယ်"