"အကို အကို"
"ဟင်.."
ညနေခင်း တစ်ခု။
မဟုတ် ညပိုင်းထဲဝင်နေသည့်အချိန်။
မည်သူ့မျှလည်းမရှိတော့။နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Busပေါ်တတ်ဖို့ပြင်နေချိန် Haoအား အကိုအကိုနှင့် နောက်ကဆွဲထားသူကြောင့် တစ်ချက်လှည့်ကြည့်မိလိုက်သည်။
"အကို ကျွန်တော့်ကိုမှတ်မိလားမသိဖူးဗျ"
အမှန်တိုင်းပြောရမည်ဆိုလျှင် Hao သူ့ရှေ့ကတစ်ယောက်ကိုမမှတ်မိပါ။
မည်သူမည်ဝါရယ် သေချာမသိပါ။"ဘယ် ဘယ်သူလည်းခဗျ"
Haoကမမှတ်မိတဲ့ပုံစံနှင့် ပြောလိုက်သည်ကြောင့် အရှေ့ကကောင်လေးက အနည်းငယ်ဝမ်းနည်းသွားဟန်။
"အကိုတို့ကျောင်းက ဂျူနီယာပါ ဟိုတစ်ခါ အကို ဆေးပေးခန်းသွားတုန်းက ကျွန်တော်က ဆေးစည်းပေးတဲ့လူပါဗျ"
ခုမှHaoမှတ်မိသွားရသည်။
သို့သော် ဒီကိစ္စက အတော်လေးကိုကြာနေခဲ့ပီဖြစ်သည်။
ခုမှဒီကောင်လေးက ဘာလို့သူ့ကို လာရှာရတာလည်း..။"ဟုတ်ကဲ့မှတ်မိပါပီ..ဘာကိစ္စများရှိလို့လည်းဗျ"
ပြောပြောဆိုဆို Haoနာရီကို တစ်ချက်ငဲ့ကြည့်မိသည်။
တတ်တော့မည့် bus လည်းလွတ်သွားပြီဖြစ်သည်။
ဒီထက်အချိန်ကြာရင် နောက်busလည်းမှီမှာမဟုတ်တော့ပါ။"ဟို..လက်ကသက်သာရဲ့လားလို့မေးကြည့်တာပါ"
တကယ့်ကို စကားမရှိစကားရှာပြောနေတဲ့ဂျူနီယာညီလေးပါဘဲလား..။
မတော်တဆဖြစ်သွားတာကြောင့် လက်အဆစ်နည်းနည်းလွဲသွားသည့်ဒီကိစ္စက တကယ်ပင်ကြာလှပြီဖြစ်သည်။"လက်ကသက်သာပါတယ်"
ဒီကိစ္စတစ်ခုထဲကြောင့်ဘဲ စကားလာပြောသည့်တော့ ဟုတ်သည့်ပုံမပေါ်။
အလိုက်သတင့် ဆက်၍သာပြောနေမိသည်။"အကို့နာမည်က.."
"Zhang Haoပါဗျ"
Haoမျက်စိရှေ့ကကောင်လေးသည် Haoထက်ငယ်သည့်ပုံပင်။
သို့သော်ငြားလည်း ကိုယ်ကဒီနိုင်ငံသားမဟုတ်တော့ယဉ်ကျေးရမည်မဟုတ်လား။