hyunjin နဲ့ felix အတူတူရှိခဲ့တာ 8 လရှိပြီ သူတို့ relationship ကထင်ထားတာထက် ပိုပြီးအဆင်ပြေတယ် တွဲခဲ့တဲ့လပေါင်းကြည့်ရင် 4လရှိပြီ တကယ်တမ်းဆိုရင် သံုးလကျော် ကြာအောင် သူတို့သူငယ်ချင်းလိုနေခဲ့ပါသေးတယ် ဒါပေမယ့် hyunjin ရဲ့ မထင်မှတ်ထားတဲ့ မူးမူးရူးရူး ဖွင့်ဟချက်ကြောင့် ရည်းစားဖြစ်လာတာမဟုတ်လား။ အစကတည်းက သူ့ကိုမသိစိတ်ကသဘောကျနေမိပေမယ့် သူမှဖွင့်မပြောရင်ကိုယ့်စိတ်ကိုယ်ဘယ်တော့မှသိမယ့်ပုံမပေါ်ဘူး။ ငါ့အနားကို ရောက်လာပေးလို့ကျေးဇူးတင်ပါတယ် မင်းမရှိရင် ငါ့ဘဝ အဓိပ္ပာယ် မဲ့သွားမာပဲ။
"lix ဘာတွေတွေးနေတာလဲ"
"ဟင်"
သူအာရုံထဲမာနစ်မျောပြီး hyunjin ရှိတာကိုမေ့နေတာ
"လူတစ်ယောက်လုံး အနားမှာထားပြီး ဘယ်သူ့အကြောင်းတွေးနေတာလဲ"
"မဟုတ်ပါဘူး မောင်ကလဲ မောင့်ကိုဘယ်လောက်ချစ်ကြောင်းတွေးနေတာ..ဒါနဲ့ မောင် lix ကိုထားမသွားဘူးမလားဟင်"
သူတို့နှစ်ယောက်ကြားတိတ်ဆိတ်မှုခဏတာ ကြီးစိုးသွားသည်။တွေဝေနေတဲ့ hyunjin မျက်နှာ မြင်ပြီး felix ထိတ်လန့်သွားမိတယ် မဟုတ်မှလွဲရော သူ့ကိုထားသွားမို့ကြံနေတာလား မျက်ဝန်းထဲမာ မျက်ရည်ကြည်တွေဝိုင်းလာပြီ နှလုံးသား ကလဲ တဆစ်ဆစ်နာလာသလိုခံစားရတယ်
felix တစ်ယောက်ခေါင်းလေးငုတ်သွားတာကို တွေ့ပေမယ့် ခဏအကြာမာ ရှိုက်သံထွက်လာတာမို့ hyunjin လန့်သွားသည် သူနဲ့ ပတ်သတ်ရင် စိတ်ခံစားလွယ်လွန်းတယ့်သူကို ဘယ်လိုများ ထားသွာရက်မာလဲ သူငိုနေတယ် သူငိုတာငါ့ကိုဝမ်းနည်းစေတယ် ရင်မောစေတယ်... hyunjin
ကပြာ"နဲ့ ပြန်ချော့လေသည်။"lix ဘာလို့ငိုနေတာလဲ မငိုနဲ့လေ မောင် မင်းကိုမထားသွားပါဘူး"
"ဒါလေးဖြေဖို့ကိုဘာလို့အက်လောက်တောင်တွေဝေနေရတာလဲ မောင့်အတွက် ဒီစကားလေးတစ်ခွန်းကပြောရအရမ်းခက်နေတာလား ရွှတ်"
"ကိုယ်တောင်းပန်ပါတယ် ေနာက်မဖြစ်စေရပါဘူးနော်"
ပြောရင်းပါးပြင်အားလက်ဖဝါးဖြင့်အသာလေးကိုင်ကာ ချစ်ရသူလေးရဲ့ မျက်ဝန်းအားကြည့်မိသည်။ ဝမ်းနည်းလွန်းတဲ့အကြည့်တွေ ငိုလွန်းလို့ နှာထိပ်လေးကနီတောင်နီနေပြီ သူသာထားသွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိုမတွေး ချင်ဘူး သူဒီကောင်လေးကိုအက်လိုမဖြစ်စေချင်ဘူး သူကိုယ်တိုင်ကိုက lix ကို နာကျင်အောင်လုပ်နေတာပဲလေ မိမိမှမရှိရင်မဖြစ်မယ့် ဒီကလေးကို ထားသွားရမာစဉ်းစားမိတိုင်း hyunjin အကြီးအကျယ် စိတ်ဆင်းရဲမိသည်။ နီးကပ်လာတဲ့ အဖေ့ရဲ့သတိပေးမှုတွေေ အဖေသာ ဒီကောင်လေးကိစ္စဝင်ကိုင်တွယ်လိုက်ရင် အသက်ပါအာမမခံနိုင်တာကြောင့် သူဒီလမ်းကို ရွေးရမှာကလွဲလို့ တခြားရွေးချယ်စရာမရှိ ထိုအကောင်ပေါက်လေးကို တင်းကြပ်စွာဖက်ထားမိသည့်တစ်ပြိုင်နက် နှုတ်ခမ်းလေးအားနူညံစွာနမ်းရှိုက်လိုက်သည်။ ဒါသူတို့ရဲ့ နောက်ဆုံးအနမ်းများဖြစ်နေမလား စိုးရိမ်မိသည်။
.
.
.
.
.
.
.
.
.
ကျောင်းပြန်ရမယ့်အချိန်ရောက်ပြန်ပြီ ဒီနေ့ hyunjinကလဲ felix နှင့် ကိုယ့်အားပြောကာသူ့အဖေခေါ်လို့သွားရပြန်တယ် jisung စိတ်ညစ် စွာ ထိုင်ငြီးမိလေသည်။အကြောင်းအရင်း က တစ်ပတ်တိတိ minho သူ့အနားကိုရောက်မလာပါ ရောက်လာဖို့မပြောနဲ့ အရိပ်အယောင်တောင်မတွေ့ရဘူး felix အားမေးကြည့်တော့ အိမ်မာတစ်ယောက်တည်းအလုပ်ရှုပ်နေတယ် ကျောင်းကိုလဲလာပါတယ်တဲ့ လာတယ်! ဘာလို့လာမတွေ့ရတာလဲ မျက်နှာတောင်လာမပြနိုင်ရတဲ့အထိ ဘာတွေလုပ်နေတာမို့လဲ တွေးရင်း ေဒါသထွက်လာတဲ့ jisung မျက်နှာကြောင့် felix အသည်းအသန်ထမေးရသည်။
YOU ARE READING
stay with me
Lãng mạnချစ်ရတဲ့အကိုရဲ့သေဆုံးမှုကြောင့် ကလဲ့စားချေမှုကိုစတင်ခဲ့တဲ့ hyunjin hyunjin ကိုမှစွဲစွဲလမ်းလမ်းချစ်နှစ်သက်နေပြီး သူမှသူဖြစ်နေတဲ့ Felix သူတို့နှစ်ယောက်ကြားကပတ်သတ်မှုကဘာတွေဆက်ဖြစ်လာမှာလဲ? hyunjin ကရော felix ကို တကယ်ချစ်ရဲ့လား? သူတို့နှစ်ယောက်ဘယ်လိုအဆုံ...