"ပျင်းလိုက်တာဟာ ငါတို့ သကြင်္န်ကာလရော အိမ်တွင်း အောင်းပြီးပြီ ခု သကြင်္န် လွန်ရင်လည်း အိမ်ထဲမှာပဲ ဘယ်မှ မသွားဖြစ်ဘူး နင်တို့ရော မပျင်းဘူးလား"
ညို ရဲ့စကားကြားပြီးနောက် ဖုန်းကြည့်နေသော တာတာ သည် ညို ဘက်သို့ လှည့်ပြီး
"မိ ညို နင်က အပြင်ကို မသွားဘဲအိမ်ထဲမှာ ဘယ်လောက် သောင်းကျန်းထားလဲ နင်အသိပဲနော့် အရက်တွေ နင့်ကန်သောက်ပြီး မနက်ကျ ဘုရားသွားမယ့်ဟာ မထနိုင်တာ ဘယ်သူလဲ သကြင်္န်က April 14 မှ ကျတာ နင်က 12 ရက်နေ့တည်းက လမ်းသလားနေတာလေ နင့် အမေ အိမ်ပေါ်က နှင်မချတာတောင် အန့်တီကို ကျေးဇူးတင်ရမယ် ညိုမ"
"ဘာလဲ မနာလို ဖြစ်နေတာလား တာတာ ငါ့ အမေက ငါ့ကို ချစ်လွန်းအားကြီးလို့ အလိုလိုက်ထားတာနော့် နင် ဘာမှ မနာလို ဖြစ်စရာမရှိဘူး
သကြင်္န် အပြင်သွားတာလည်း နင်တို့ မပါလို့လား နင်တို့ ပျော်ပါစေ ဆိုပြီး ငါ့အနစ်နာခံပေးတာနော့် ကျေးဇူးတင်ရဦးမယ် တကယ်ဆို နင်တို့နှစ်ယောက်က ငါ့ကျေးဇူးကြောင်း ပျော်နေရတာ "
"အမယ် နင် အပြင်သွားချင်လို့ ငါတို့က ပါရမီ ဖြည့်ပေးရတာနော့်"
"အင်းပါ ကျေးဇူးရှင်ရယ်"
"ဟဲ့ တာတာ ငါတို့ ခရီမထွက်ဖြစ်တာ ကြာပြီ တနေရာရာကို ခရီးထွက်ကြရအောင်လားနော့် "
"ဘယ်သွားမို့လဲ နင်က မြန်မာ ပြည်ထဲနင် မရောက်ဖူးတဲ့ နေရာရော ရှိသေးရဲ့လား ညို"
"ရှိသေးတယ်ဟဲ့...။ ငါက ရခိုင်မရောက်ဖူးသေးဘူး သွားကြရအောင်"
"ဟဲ့ ညို ငါ မသွားဘူးနော့် အဲ့ဒေသက စစ်ပွဲတွေ ခဏခဏ ဖြစ်တယ် အခြားနေရာပဲပြော"တစ်ချိန်လုံး တိတ်ဆိတ်စွာ ဖုန်းကြည့်နေသော မောင် သည် သူတို့ စကားဝိုင်း ထဲ ဝင်ပြီးတော့ ကန့်ကွက်၏။ ဒီနေ့သည် ဘာရယ်တော့ မဟုတ်ပါ အကုန် စုပြီး မောင့် အိမ်တွင် စုနေကြခြင်း ဖြစ်ပါရဲ့။ မောင့်ရဲ့ မိဘ များမှာလည်း
မောင့်ရဲ့ မေမေ ဒေါ် ခင်သီတာသည် အထွေထွေ အထူးကုတစ်ယောက်ဖြစ်ပြီး ဆေးရုံ အုပ်ကြီးလည်း ဖြစ်သောကြာင်း မနက်အစောကြီး ပင် ဆေး ရုံသွားလေ့ရှိပြီး များသော အားဖြင့် ဆေးရုံတွင်သာ အိပ်တတ်ပါ ၏။
မောင့်ရဲ့ ဖေဖေ ဦး တေဇာလင်း သည်လည်း Home of people ဆိုသည့် Company ကြီးရဲ့ CEO ဖြစ်သော
ကြာင်း မနက်စာ စားပြီး ရုံးသို့ သွားရပါတော့၏။ မောင့်သည် ငယ်ငယ် ကတည်းက အိမ်တော်ထိန်းကြီး ဒေါ်မြ လက်တွင်သာ ကြီးပြင်း.လာခဲ့ပြီး အိမ်ကြီးထဲ၌ တစ်ယာက်တည်း အထီး ကျန်စွာ နေတတ်ပြီး သူ့ရဲ့ သူငယ်ချင်း နှစ်ယောက် ဖြစ်သော တိမ်ညိုညို ဆိုသော ညိုနဲ့ အတာငွေ့ ဆိုသော တာတာ တို့ ခေါ်မှသာ အပြင်သို့ ထွက်တတ်ပြီး ဖုန်း တစ်လုံးနှင့် gameဆော့ ရည်းစားတွေ လျှောက်ထားတတ်သော ဆိုးသည်ဟု မခေါ်ထိုက်သော လူဆိုးလေး တစ်ယောက်ဖြစ်ပေ၏။သူတို့ သုံးယောက်ကတော့ ငယ်သူငယ်ချင်းများဖြစ်ကြပြီး ချမ်းသာပြည့်စုံသော မိဘမှားမှ ဆင်းသက်လာသူများဖြစ်ကြလေရဲ့။ဘဝကိုပျော်ပျော်ပဲ နေတတ်ပြီး ဆိုးဆိုး ပေပေ ကလေးများဖြစ်ကြပါ၏။ အိမ်မပိုင်သော အိမ်ကရော မနိုင်သော လူဆိုးလေးတွေပေါ့။
YOU ARE READING
ဆု
Romanceလိမ္မာရင်လည်း မင်းက ပြန်မလာတော့ဘူး ဆိုးမိုက်နေလည်း မင်းက ရန်လာ မရှာတော့ဘူးနော့်