"မောင် ဒါဆို ငါတ်ို့သွားတော့မယ်နော့် မနက်ဖြန်ရော လာကြိုပေးရမလား နင့်ကားက မကောင်းသေးဘူးဆိုတော့"
"ရပါတယ် ညိုရယ် မနက်ဖြန် ဦးကျော်ကို ပို့ခိုင်းလိုက်မယ် ဒီနေ့က ဦးကျော် မေမေ့ကို သွားကြိုရလို့ပါ"
"အိမ်ထဲ ဝင်ကြဦးမလား နင်တို့"
"မဝင်တော့ပါဘူး မောင်ရယ် ပိတ်ရက်ကျမှ အေးဆေးလာခဲ့တော့မယ်"
"အင်းပါ "
"ဒါဆိုငါတို့ပြန်ပြီနော့် မောင် ဘိုင့်ဘိုင့်"ညိုနှင့် သာသာ သည် မောင့်အား အိမ်ရှေ့တွင်ချပြီးနောက် လက်ပြနှုတ်ဆက်ကာ ပြန်သွားကြ၏။ ဖြစ်ပုံမှာ ဒီနေ့ မနက် မောင် ကျောင်းသွားမယ် ဆိုတော့ ကားက ဘာဖြစ်သည်မသိ လုံးဝ စက်နှိုးမလာခဲ့ခြင်းဖြစ်သည်။ဒါကြာင်းမို့ ညိုနှင့်သာသာကို အကူညီတောင်းကာ ညို့ကားဖြင့် မောင့်ကို လာကြိုခြင်းဖြစ်၏။
မောင်သည် အိမ်ထဲသို့ ဝင်လာသော အခါ အိမ်ဘေးသို့ အကြည့်ရောက်သွား လေ၏။မောင့်တို့အိမ်၏ ဘေးဘက်နှင့်အနောက်ဘက်တွင် အေးအေးဆေး ဆေးစာထိုင်ဖတ်စေရန် ပန်းခင်းလေး နှင့်ရေတံခွန် အတု တစ်ခု ဖန်တီးထား ၏။နောက်ဘက်အစွန်တွင်တော့ သစ် သားအိမ်ကလေး တစ်ဆောင်ကို ဓနိ မိုးကာ ဆောက်လုပ်ထား၏။ အိမ်ကလေးထဲတွင်လည်း စာအုပ်မျိုးစုံ ကို စာကြည့်တိုက်လေး သဖွယ် ခင်းကျင်းထားသည်။အိမ်လေး ဘေးတွင်တော့ မောင်ကြိုက်တတ်သော ခရေပင်ကြီး တစ်ပင်ရှိပြီး အိမ်ရှေ့လေးမှာတော့ မောင်ကိုယ်တိုင် စိုက်ပျိုး ထားတဲ့ စံပယ် ရုံသေးသေးလေး တစ်ရုံ ရှိလေ၏။မောင့်ရဲ့ စံပယ်ရုံထဲတွင် အမျိုးသမီးငယ် တစ်ယောက်သည် မောင့်အားကျောပေးထားပြီး စံပယ် ပန်းလေးများကို ခူးဆွတ်နေ၏။ မောင်တောင် မြတ်နိုးလွန်းအားကြီးလို့ မခူးရက်တဲ့ ဒီပန်းတွေကို ဘယ်က ကောင် မလေးက လာခူးနေတာလဲ။
"ဟဲ့ သူများခြံထဲ ပန်းတွေကို ပိုင်ရှင်ခွင့်ပြုချက် မယူဘဲ မခူးရဘူးဆိုတာ မင်းမသိဘူးလား"
မောင်သည် သူ့နောက်ကျောဘက်မှ ရပ်ကာ အသံခပ်မာမာနဲ့စကားဆိုလိုက်ပါ ၏။နောက်ကျောပိုင်ရှင်လေးသည် မောင့်ဘက်ကို လှည့်လာသောအခါ
"ဟင့် မမ"
မောင် အရမ်းအ့ံသြသင့်သွား၏။ မမ ဟုတ်တာပေါ့ မောင့်ရဲ့မမ ။ တွေ့ချင်လွန်းလို့ အိမ်မက်ထဲတောင် ထည့်မက်ခဲ့ ရသော မောင့်ရဲ့မမ။တွေ့မယ့်တွေ့တော့လည်း မောင့်ရှေ့မှာ မယုံနိုင်လောက်အောင် ။ဒါအိမ်မက်တော့ မဟုတ်ဘူးမလား။မမကတော့ မောင့်အား အ့ံသြခြင်း ၊မယုံနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း ဆိုသော ခံစားချက်ပေါင်းစုံ ပါဝင်သော အကြည့်မျိုးနဲ့ ကြည့်နေမိပါတော့၏။ပျော်ရွှင်ခြင်းကတော့ မမရဲ့ မျက်ဝန်းမှာ ရှာမတွေ့။ မောင့်ရဲ့ မျက်ဝန်း ထဲက ပျော်ရွှင်မှု မြစ်ကလေးသည် အရှိန် အဟုန်မြင့်စီးဆင်းနေပါတော့၏။အချိန်ကြာ တိတ်ဆိတ်နေပြီးနောက် မောင်ကပဲ မမအား စကားစဆိုလိုက်၏။
YOU ARE READING
ဆု
Romanceလိမ္မာရင်လည်း မင်းက ပြန်မလာတော့ဘူး ဆိုးမိုက်နေလည်း မင်းက ရန်လာ မရှာတော့ဘူးနော့်