မနက်ခင်းတိုင်းက အမြဲ လှပနေတယ် ချစ်ရသူနဲ့အတူနိုးထခြင်း ငှက်ခလေးတွေရဲ့ အသံချိုချိုလေးတွေနဲ့ နေမင်းကြီးရဲ့ မဝင့်တရဲ တောက်ပဖို့ ဟန်ပြင်နေတဲ့ ရောင်နီလေး တစ်ခု ဒါေတွနဲ့ တင်တနေ့တာကိုအစပြုဖို့ အကြောင်းပြချက်ခိုင်လုံနေပါပြီ
အပန်းဖြေအိမ်ကို ရောက်တာ ဒီနေ့နဲ့ဆို ၁ ပတ်ပြည့်တော့မယ် ယိုရှီကတော့ အလုပ်ကိစ္စကြောင့် လွန်ခဲ့တဲ့ သုံးရက်က အိုဆာကာကို ပြန်သွားခဲ့တယ်
သူတို့ကေတာ့တလက်စတည်းအပန်းဖြေဖို့နေခဲ့ခြင်းဖြစ်သည်
မျက်လုံးလေးတွေ ဖွင့်လိုက်တော့ လိုက်ကာ ကြားကနေ မရဲတရဲ တိုးလာတဲ့ နေရောင်ခြည်လေးတွေ ဘေးမှာတော့ ချစ်ရသူလေး က အိပ်စက်နေပုံပါပဲ မနှိုးရက်တာမို့ နဖူးလေးကို အနမ်းဖွဖွလေးချွေကာ ရေချိုးခန်းထဲသာ ဝင်လာခဲ့သည်
ပြန်ထွက်လာသည့်တိုင်အောင်လဲ ချစ်ရသူလေးက နိုးလာခြင်းမရှိ
"အိပ်နေလိုက်တာ အပြစ်ကင်းရက်လေးရောပါလား ကို့အချစ်"
ပြောပြီး အဝတ်အစားလဲကာ အောက်ထပ်သို့ ချစ်ရသူ နဲ့ တူတူ မနက်စာစားဖို့ ပြင်ဆင်ပြီးရဲ့လား လာကြည့်သည်
"မင်္ဂလာ နံနက်ခင်းပါ သခင်လေး"
"မင်္ဂလာပါ ဒေါ်ကြီး...အော် စားဖို့တောင်ပြင်ပြီးသွားပြီပဲ"
"ဟုတ်ပါတယ်သခင်လေး စားလို့ရပါပြီ"
"ကျနော် ဆာဟိ့ကို နှိုးပြီးရင် တူတူဆင်းလာခဲ့ပါ့မယ်"
"ကောင်းပါပြီ"
အခန်းတံခါးကို ဖွဖွလေး ဖွင့်တော့ မနက်ကအတိုင်း ငြိမ်နေလေရဲ့
"အော် မနိုးသေးဘူးပဲ ဆာဟိရား ကို့အချစ်လေး ထပါအုံး"
ကုတင်ဘေးစောင်းထိုင်ကာ နမ်းလျက်နှိုးနေသည်
သို့ပေမယ့် တုတ်တုတ်မှမလှုပ်လာခဲ့"ဆာဟိရား ထတော့လေ အိပ်ချင်ယောင်ဆောင်မနေနဲ့နော်"
"ထလို့"
နောက်ဆုံးထိ နှိုးမရခဲ့ ဂျယ်ဟျော့တယောက် ရင်တွေထဲလေးလာသည်
