Memories

722 39 8
                                    


[Conan Grey _ Memories(Recommed song)]

'ကိုယ်နေမကောင်းလို့ လာခဲ့ပေးလို့ရမလား'

သာမာန်massageလေးတစ်စောင်ပေမဲ့မက်သရူးအတွက်တော့လေဆင်နှာမောင်းတစ်ခုလိုသူ့ရင်ထဲမွှေနှောက်နေလေသည်။ပုံမှန်ဆိုရင်အပြေးလေးသွားမိမှာပေမဲ့အခုကသူ့ရဲ့လက်ရှိရည်းစားနဲ့ရှိနေတဲ့အချိန်ဖြစ်သည်။စိတ်ကအခုထိမပျက်သားသေးတာမို့massageပို့တဲ့လူဆီကိုသွားချင်ပေမဲ့ဂျီဝွန်းဟျောင်းကိုအားနာတာမို့မက်သရူးလစ်လျူရှု့လိုက်ဖို့တွေးရင်းသန့်စင်ခန်းထဲကထွက်လာလိုက်သည်။

မက်သရူးသန့်စင်ခန်းထဲကထွက်လာတော့ဂျီဝွန်းဟျောင်းကဖုန်းပြောနေသည်။ဒါပေမဲ့စုကြုံထားမျက်ရိုးတွေနဲ့အတူလေသံအေးအေးနဲ့သူထွက်လာမည်ဖြစ်ကြောင်းကိုလည်းပြောနေလေသည်။လေသံအရတော့စိတ်ပူနေတာသိသာလှသည်။အဲ့လောက်ဆိုဘယ်သူ့ဖုန်းလဲဆိုတာမက်သရူးရိပ်မိနေပြီဖြစ်သည်။

''မက်သရူး''

ဖုန်းချပြီးသူ့ဘက်လှည့်လာတဲ့ဂျီဝွန်းဟျောင်းကခုမှသူ့ကိုမြင်တာဖြစ်သည်။ခပ်တိုးတိုးသူ့နာမည်ကိုခေါ်တဲ့အသံကတောင်းပန်တိုးလျိုးနေသည်။အားနာစရာမလိုတာကိုအားနာနေပြန်တာထင်ပါရဲ့။တကယ်ဆိုသူတို့နှစ်ယောက်ကဒဏ်ရာတွေသက်သာလို့သက်သာငြားတွဲနေခဲ့တာဘဲလေ။တစ်ချိန်ကပတ်သတ်ခဲ့ဖူးတဲ့လူတွေနဲ့ကင်းနိုင်လွန်းလို့မှမဟုတ်ခဲ့ဘဲ။

''သွားလိုက်ပါ ကျွန်တော်လည်းသူ့ဆီကိုသွားမှာမို့အားနာစရာမလိုပါဘူး ''

''အင်း ဂရုစိုက်အုံး ''

ညသန်းခေါင်ယံမှာကားတစ်ယောက်တစ်စီးစီနဲ့သူတို့ဆန့်ကျင်ဘက်အရပ်ကိုမောင်းထွက်ခဲ့ကြသည်။သွားတဲ့နေရာမတူပေမဲ့သူတို့နှစ်ယောက်သွားတဲ့ရည်ရွယ်ချက်ကတော့အတူတူပါဘဲ။စိတ်ဒဏ်ရာတွေပေးလွန်းတဲ့ရည်းစားဟောင်းတွေကိုစိတ်မပြတ်နိုင်သေးဘဲစိတ်ပူနေလို့လေ။

___________________________

''ရစ်ခီ! ''

''တွေ့လား ငါပြောသားဘဲ ကားနီလေးကငါ့ဟာနော် ''

''အေးပါ မင်းနိုင်ပါတယ် ''

လွန်ခဲ့တဲ့နာရီဝက်ကထိသူဘားမှာအရမ်းမူးနေလို့လာခေါ်ပေးပါဆိုတဲ့ရစ်ခီကခုတော့အကောင်းတိုင်းပင်ဖြစ်သည်။မူးနေတဲ့ပုံနည်းနည်းတောင်မရှိ။ထုံးစံအတိုင်းသူခေါ်လိုက်တာနဲ့အရူးတစ်ယောက်လိုရောက်လာမဲ့ဂျီဝွန်းကိုသူ့သူငယ်ချင်းတွေနဲ့အလောင်းအစားလုပ်နေပြန်တာထင်ပါရဲ့။

✨Memories✨Where stories live. Discover now