Episode 5

43 6 2
                                    

Armဟာနတ်ဆိုးထောင်ချောက်ပေါ်ကထိုင်ခုံပေါ်မှာခြေလေးချိတ်ကာပြုံးစီစီနဲ့ငြိမ်ငြိမ်လေးထိုင်နေတယ် သူ့မျက်နှာချင်ဆိုင်မှာApo KaungHtetPaingနဲ့bibleတို့ထိုင်ကာသူ့ကိုစိုက်ကြည့်နေကြတယ်

"ဟိုလေ....ငါကသောက်ရမ်းချောမှန်းသိပါတယ်...မင်းတို့ငါ့ကိုထိုင်ကြည့်နေတာနာရီဝက်နီးပါးရှိပြီ မပျင်းဘူးလား?"

Apo-"ဘာလာလုပ်တာလဲ?"

"ဟော်ကယ်....မင်းတို့ပဲဒီထောင်ချောက်ထဲဝင်နေဆိုလို့ငါဝင်နေပေးရတာလေယောက်ဖရယ်"
Armပြောတဲ့အခါApoကဒေါသတကြီးမတ်တပ်ထရပ်၍ရိုက်ဖို့ပြင်နေတာမို့KaungHtetPaingမှာမနည်းထဆွဲရသေးတယ်

Apo-"မင်းမေဘိုးအေကိုယောက်ဖလား....ဟျောင့်မင်းကိုပေးစရာငါ့မှာနှမမရှိဘူးနော်...."

"မင်းညီရှိတယ်မလား"
ထပ်ပြီထရိုက်ဖို့ပြင်နေတာမို့KaungHtetPaingမှာဒုတိယံမိထပ်ဆွဲရပြန်သည်

"မင်းကလည်းကွာစိတ်ကြီးပဲ...ယောက်ဖ
မင်းကိုယောက်ဖလို့ခေါ်တယ်ဆိုတာမင်းနှမတွေညီတွေစိတ်ဝင်စားလို့မဟုတ်ဘူး"

Apo-"ဒီကောင်ယောက်ဖယောက်ဖနဲ့ပါးစပ်ကမချဘူးငါထဗျင်းထည့်လိုက်ရကွာ"

Paing-"Apoရာစိတ်လျှော့......"

bible-"မင်းကဘယ်အမျိုးအစားလဲ"
တစ်လျှောက်လုံးငြိမ်နေတဲ့bibleရုတ်တရက်ထမေးလာတယ်

Arm-"ငါကလား...အမ်လ်(L) အို(O)အာရ်(R)ဒီ(D) Lord မျိုးရိုး"

Apo-"ဟော့ကောင်! မင်းLordမျိုးရိုးထဲကဆိုတာအစထဲကပြောပါလားဒီနတ်ဆိုးထောင်ချောက်လေးကမင်းကိုမချုပ်နိုင်မှန်
အခုငါကအပင်ပန်းခံပြီအဲ့ထောင်ချောက်ကိုဆွဲထားတော့သောက်ပေါကြီးဖြစ်မနေဘူးလား....ဒီကောင်ငါထဗျင်းမိတော့မယ်"

Paing-"Apoရယ် မင်းစိတ်လျော့ပါကွာ သူငါတို့ကိုကူညီထားတာလေနော်"

Apo-"မင်းလင်ကအချဥ်ပေါင်းစားပြီပြောနေတာကို"

"ကိုယ်အချဥ်ပေါင်းမစားပါဘူး"

Apo-"ဖင်ခေါင်းယားတာကိုပြောတာလေ အချဥ်ပေါင်းစားရင်ဖင်ခေါင်းယားတယ်တဲ့ မကြားဖူးဘူးလား"

"ဒေါသကြီးလိုက်တာ....နော့အသဲလေး"
ArmဟာKaungHtetPaingကိုကြည့်ရင်ပြုံးစီစီပြောလာတဲ့အခါKaungHtetPaingကတလှည့်ပြန်ဒေါသထွက်ကာထရိုက်ဖို့လက်ပြင်နေတာမို့bibleကိုယ်တိုင်ပါထဆွဲရတော့တယ်
Paing-"မင်းဖင်ကြီးကိုအသဲလေးလား!.....မင်းဘက်ကပြောပေးတယ်ဆိုတိုင်းငါ့ကိုလာလာကညောှင့်မနေနဲ့ ငါကဖြောင့်တာမှတန်းနေတာပဲ သံချောင်းလိုဖြောင်တန်းမာကြောနေ"

Ghost hunter Where stories live. Discover now