Chapter [23]

910 76 4
                                    

• Uni+Z •

SeungMin ရဲ့ စကားကြောင့် ChangBin ရော Felix ပါ ခဏတဖြုတ်အတွင်း အကြပ်ရိုက်သွားသည်။ Jisung နဲ့ Jeongin ကတော့ အရှိန်ရနေပြီဖြစ်ကာ ပြုံးစေ့စေ့နှင့် ထိုင်ကြည့်နေလျက်။

Felix လည်း အခုအချိန်တွင် သူ၏ခံစားချက်တွေမှာ ရှုပ်ထွေးလို့နေသည်။ လေးလံနေတဲ့ခံစားချက်ဆီက ရုန်းထွက်သွားပြီး လွတ်လွတ်လပ်လပ်သာရှိချင်သည်။

ခန္ဓာကိုယ်ထဲက လေပူတစ်ချက်ကိုပင့်သက်လိုက်ပြီး ဘာဆိုဘာမှတွေးမနေတော့ဘဲ ChangBin ကို ခေါင်းညှိမ့်ပြလိုက်သည်။

သွေးကြောထဲပျော်ဝင်‌နေခဲ့သည့် မူးရစ်စေတဲ့အရည်တစ်ချို့က စကားပြောလာသည်။ ChangBin လည်း ရီဝေဝေဖြစ်နေခဲ့ပြီး Felix နားသို့ ဖြေးဖြေးချင်းတိုးကပ်သွားရင်း သူ၏ကိုယ်မှာလည်း နဂိုထပ်ပို၍နီးကပ်လာလျက် Felix မျက်နှာနားသို့ရောက်ခါနီးတွင် Felix က သူ့လက်တစ်ဖက်နှင့် ChangBin လက်မောင်းကိုရုတ်တရက်ဆွဲယူ၍ သူ့ဘက်ကစနမ်းလိုက်သည်။

Felix လည်း သောက်ထားသမျှအရှိန်ကြောင့် စိတ်တွေပါလွတ်ထွက်ပြီး ChangBin ကော်လံစကိုဆွဲကိုင်လျက် အဆက်မပြတ်အနမ်းများ ပေးလာသည်။

သူ့ရှေ့တွင် မြင်တွေ့နေရသည့် မထင်မှတ်ထားသည့်အရာကြောင့် SeungMin မှာ မေးရိုးပြုတ်ကျမတတ်။
ချပေးထားသမျှပုလင်းတွေ တစ်စက်မှမကျန်ရအောင် အများဆုံးဖြိုခွဲ‌ပေးသွားတဲ့ Jisung နဲ့ Jeongin လက်သည်နှစ်ယောက်ကတော့ ဘယ်အချိန်ထဲက ဆိုဖာပေါ် ခေါင်းယိုင်လဲနေကြမှန်းမသိ။ ဒီအဖြစ်အပျက်ကို ကြည့်ဖို့တောင်မတတ်နိုင်တော့။

ထိုအချိန်တွင် Herum မတ်တပ်ထရပ်လာပြီး မရပ်တန့်သေးသည့် Felix ကို လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲ၍ ဘာတစ်ခွန်းမှမပြောဘဲ ဆွဲခေါ်သွားသည်။ ChangBin လည်း ကြောင်အမ်းအမ်းဖြင့်ကျန်နေခဲ့ပြီး SeungMin လည်း ထလိုက်မည်အလုပ် Chan ဆီမှ ဖုန်းဝင်လာတာကြောင့် အရင်ဆုံးကောက်ကိုင်လိုက်ရသည်။

.

.

.

ခေါင်းထဲမူးဝေစွာခံစားနေရသည့် Felix မှာ Herum လက်ကို အတင်းဆွဲဖြုတ်‌နေသော်လည်း သူ့ရဲ့ကြိုးစားမှုက အချည်းနှီးသာဖြစ်၍ Herum ဆုပ်ကိုင်ထားသည့်အားကို ပြန်မခုခံနိုင်ခဲ့။

BLANKs [Hiatus]Where stories live. Discover now