part_1 (Uni)

1.7K 32 6
                                    

Unicode :

လူတစ်ယောက်ရှိခဲ့တယ်။အင်း..လူတစ်ယောက်။မာနတွေ၊သိက္ခာတွေချနင်းပစ်ဖို့လုံလောက်တဲ့လူတစ်ယောက်။ခါးသက်သက်ကော်ဖီခွက်ထဲ မာနတွေထည့်ဖျော်ခံလိုက်ရသလို...ဘုရားမေ့တယ်.. တရားမေ့တယ်။နောက်ဆုံး..ကိုယ့်ကိုကိုယ်ပါမေ့တဲ့ထိ။

အဲ့ဒီလူနဲ့အတူရှိနေရင်..အကြိုက်ဆုံးပါဆိုတဲ့အရာတွေကိုတောင်မျက်ကွယ်ပြုချင်လာတယ်။စာတွေမဖတ်ဖြစ်တော့ဘူး။လူတွေနဲ့အရောမဝင်ချင်တော့ဘူး။ကုန်ကုန်ပြောရရင်..ပတ်ဝန်းကျင်တစ်ခုလုံးကိုလဲဂရုမစိုက်ချင်တော့ဘူး။

အဲ့ဒီအစား..။

အဲ့ဒီလူရဲ့မျက်နှာကို စေ့စေ့ကြည့်ချင်တယ်။ပုခုံးပေါ်ခေါင်းကလေးမှီထားချင်တယ်။ဆံပင်တွေသပ်ပေးချင်တယ်။ကိုယ့်နာမည်ကို..နှစ်ကိုယ်ကြားခေါ်တဲ့အခါ..တယုတယပြန်ထူးချင်တယ်။ထွေးပွေ့လာမယ့်လက်တစ်စုံကိုနွေး‌နွေးထွေးထွေးဆုပ်ကိုင်ပြီးလမ်းလျှောက်တာတွေနှေးချင်တယ်။

နောက်ဆုံးလက်ကျန်မာနလေးနဲ့တောင်အဲ့ဒီလူကိုချည်နှောင်ထားချင်ခဲ့တယ်..။

အောက်ကျို့မခံတက်တဲ့စိတ်ခံလေးရှိပေမယ့် အဲ့ဒီ
လူတစ်ယောက်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးကိုမေ့ထားပြီး ..သူ့မျက်နှာကိုယ့်ကမ္ဘာ..လုပ်ခဲ့ရာလူအများကြီးကိုလည်းလျစ်လျှူရှုခဲ့ဖူးတယ်။အားလုံးကိုကျောခိုင်းရမှာထက် သူ့မျက်နှာကိုလွှဲရမှာသေမလောက်ကြောက်တဲ့ထိပါဘဲ...။

အချစ်ဦး....။ အမှန်တကယ် ထိုလူဟာသူ့အတွက်အချစ်ဦးဆိုတာထက်ပိုမည်။ နှလုံးအိမ်ထဲခပ်နက်နက်စိုက်ဝင်နေတဲ့ဆူးတစ်ချောင်းလေး..။ ဆွဲနုတ်ပစ်ဖို့လဲဆန္ဒမရှိဘူး။မေ့မေ့လျော့လျော့လဲမထားဘူး။အဆိပ်တက်လာရင်တောင် အချစ်ဆိပ်လို့ဘဲမှတ်ယူတယ်။သို့ပေသိ ခံစားချက်ခြင်းထပ်တူကျဖို့ကိုတော့ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူး။ဒီအတိုင်းလေး နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာစိုက်ထွင်းထားတာမလို့ ဘဝနောက်ဆုံးထွက်သက်ထိထိုလူဟာ တမြေ့မြေ့ရှင်သန်နေတဲ့သက်ရှိဆဲလ်လေးဘဲဖြစ်နေမှာ..။

Let's Meet In The Fields Of GreenWhere stories live. Discover now