Ring...Ring...Ring
ညတစ်နာရီလောက်မှာ ထမြည်လာတဲ့ iKONရဲ့Best friend သီချင်းလေး..
အသံလေးနားထောင်ရုံနဲ့ခေါ်တဲ့လူဘယ်သူဆိုတာတန်းသိနေထိုသူဘာများဖြစ်တာလည်းဆိုတဲ့အတွေးလေးနဲ့အလောတကြီးထထိုင်မိတယ်' Hello..'
ငိုရှိုက်သံပါနေတဲ့အသံတိုးညှင်းညှင်းလေးက အိပ်ချင်စိတ် အနည်းငယ်ကျန်နေတဲ့စိတ်ကုိချက်ချင်းပူပန်မှုတွေဝင်လာတဲ့အထိကိုစွမ်းေဆာင်နိုင်တယ်....
"ဟာအို ဘာဖြစ်လို့လဲဟင်နေမကောင်းဘူးလားဘယ်နားကနာလို့လဲ ငါအခုမင်းတုိက်ခန်းကုိလာရမလား"
အပြောနဲ့အတူလက်ကအပေါ်ထပ်ဝတ်ဖို့ပြင်နေတဲ့အချိန် ထိုအမျိုးသားလေးရဲ့နှုတ်ထွက်စကားများကြောင့်လှုပ်ရှားမှုတွေအကုန်ရပ်တန့်သွားရတယ်...
' ငါနဲ့ သူ စကားများတယ် ငါ....ငါ့ ကိုပြတ်မယ်လို့လဲပြောတယ် ငါသူ့ကိုလက်လဲမလွတ်ချင်သလိုမင်းကိုလဲ....ဟင့်အင်းမဟုတ်ဘူး ငါသူ့ကိုလည်းမခွဲချင်ဘူးသူ့ရဲ့အမူအကျင့်တွေကုိလည်းရှေ့ဆက်ဖို့သည်းမခံနိုင်တော့ဘူး။ငါဘယ်လိုလုပ်ရမလဲဟင် '
ကျွန်တော်ဘာပြန်ပြောရမှန်းမသိဘူး။ သူ့ရည်းစားနဲ့လမ်းခွဲလို့ပဲပျော်ရမလားချစ်ရတဲ့ကောင်လေးနာကျင်နေတာကိုကြည့်ပြီးဝမ်းနည်းရမလားမဝေခွဲတတ်တော့ဘူး။
"Hao သောက်ထားတာလားဟင် အသံကနည်းနည်း..လောလောဆယ်တော့စိတ်ကိုခဏလျှော့မငိုပါနဲ့ခေါင်းတွေကိုက်လိမ့်မယ်အခုလာခဲ့မှာမို့ အဲ့ကိုရောက်တဲ့အချိန်ကျမှသေချာပြောပြနော် "
'ဟင့်အင်းမလာပါနဲ့...အခုချိန်မှာမင်းကိုရင်ဖွင့်ချင်ပေမယ့် တစ်ယောက်ထဲပဲနေချင်တယ် ဖုန်းနဲ့ပဲပြောမယ်လေ နော် '
ထိုနေ့ညက သူနဲ့ သူ့ရည်းစားရဲ့ စကားများခြင်း အကြောင်းအရာစုံကို ကျွန်တော်နားထောင်လိုက်ရတယ် တစ်ခါတစ်ခါ သူ့ကောင်လေးကုိဘယ်ေလာက်သေဘာကျခဲ့ကြောင်းတွေကိုအစပြန်ဖော်ပြီးပြောတိုင်းကျွန်တော့ရင်ဘတ်ကနာဆဲပဲ အချိန်တွေကြာလာလို့ မနာကျင်တော့ပဲထုံသွားမယ်ထင်ပေမယ့် ဒဏ်ရာအသစ်လိုပဲထပ်ထပ် ပြီးနာကျင်နေတုန်းပဲ..
YOU ARE READING
You are my best friend (OS)
Fanfictionမင်းနဲ့ငါကသူငယ်ချင်းတွေ... မဟုတ်ဘူးမင်းဘက်ကပဲ .. ငါဘက်ကမင်းကိုသူငယ်ချင်းအဖြစ်မသတ်မှတ်နိုင်တော့တာကြာပြီ