1

2.4K 118 7
                                    

<Unicode>

"ဦးလေးချင်"

"သခင်လေး!!"

စစ်လျန်က သစ်တော်သီးလေးတွေကို သိပ်ပြီး အပေါ်ထပ်မှ ဆင်းလာစဥ် လှေကားခြေရင်း၌ ရပ်စောင့်နေသော အိမ်တော်ထိန်းကြီးကို တွေ့လိုက်ရတာကြောင့် ခေါ်ဆိုရင်း အနားကိုလျောက်သွားလိုက််မိသည်။

သို့သော် သူ၏ခေါ်သံနှင့် ကွဲပြားစွာ သခင်လေးဆိုသည့် အလန့်တကြား ထူးသံကြောင့် စစ်လျန်ပင် လန့်သွားရသည်။

အောက်ထပ်တစ်ခုလုံး ဟိန်းခနဲထွက်လာသော ဦးလေးချင်အသံကြောင့် စစ်လျန်က အံြသသင့်နေစဥ်....

"သခင်လေး ဘာများလို့လို့လည်း ဦးလေး ဘာယူပေးရမလည်း.."

ခါတိုင်းနှင့်ကို မတူပဲ တမင် စစ်လျန်ရှိနေသည်ကို သိအောင် အသံကျယ်လောင်စွာ ပြောနေဟန်ကြောင့် ဦးလေးချင်ကို တစ်ချက်ကြည့်လိုက်ရင်း စစ်လျန် အနောက်က ထမင်းစားခန်းကို လှမ်းကြည့်လိုက််မိသည်။

မဟုတ်မှလွဲရော်.....

"သခင်လေး ဘာလိုချင်လို့လည်း"

အသိအသာကို စစ်လျန်၏ မြင်ကွင်းအား လိုက်ကာနေသည့် ဦးလေးချင်၏ ပုံစံက စစ်လျန်၏ အတွေးများကို သေချာစေသည်။

"ဖရဲသီးလေး ထမင်းစားခန်းထဲမှာ မဟုတ်လား ဦးလေးချင်"

"မဟုတ်ပါဘူး သခင်လေးရဲ့"

"ကျွန်တော် Darling ကားသံကြားလိုက်တယ်"

"သခင်လေး နားကြားမှားတာနေမှာပါ"

စစ်လျန်က အပီအပြင်ကို အသံကျယ်ကျယ်နဲ့ ကာပေးနေသော ဦးလေးချင်ကြောင့် သွားစွယ်လေးတွေ လှစ်ခနဲပေါ်အောင် ရယ်လိုက်ရင်း....

"ကျွန်တော်သိပြီ"

"သခင်လေး မသွား..."

သူက ပြောရင်းဆိုရင်းဖြင့် သူ့လမ်းကိုပိတ်ကာ စကားပြောနေဆဲ အိမ်တော်ထိန်းကြီးကို ကွေ့ရှောင်ကာ ထမင်းစားခန်းထဲ ဝင်လာခဲ့လေတော့သည်။

အသေအချာကို သူထင်ထားသည့်အတိုင်း ကျယ်ပြောလှသည့် ထမင်းစားခန်းထဲရှိ ကြမ်းပြင်မှာ ပြုတ်ကျနေသော ဖရဲသီးပုံ လွယ်အိတ်ကလေးရယ် ပျံ့ကျဲနေသော သကြားလုံးအခွံများနှင့်အတူ အုပ်စုလိုက် ရှိနေကြသော အိမ်စေအုပ်စုများပင်။

Candy Special EpisodesWhere stories live. Discover now