"မောင်ထတော့လေ Company သွားရမယ်မလား"
"ခနလေးပါ shuaကလည်း"
"ခနလေးလည်း မရဘူး အခုချက်ချင်းထ အခုမထရင် မောင့်ကို စကားမပြောတော့ဘဲ နေတော့မှာ"
"မောင့် အသည်းအသက်လေးက ခြိမ်ခြောက်တယ်ပေါ့"
"ခြိမ်းခြောက်တာ မဟုတ်ပါဘူးနော် သူများကို စွပ်စွဲနေတာ"
"ဟုတ်လား မသိပါဘူးဗျာ အကိုက ခြိမ်းခြောက်နေတာလားလို့ မောင်က ထင်သွားတာဗျ"
"တော်ပါ ထတော့ Company သွားရတော့မယ်လို့ Ceoကပါ နောက်ကျနေရင် ဝန်ထမ်းတေက ပိုနောက်ကျမှာပေါ့လို့"
"အင်းပါ မောင့် shuaလေးရဲ့ ထပါပြီလို့"
"ဟွန့်"
ကျတော်ကတော့ joshuaပါ။ ကျတော် နဲ့မောင် လက်ထပ်ထားတာ ၅နှစ်တော့ရှိပြီဗျ။ ချစ်သူသက်တမ်း ၃နှစ်မှာ နှစ်ဖက်မိဘတေကို ပြောပြီး လက်ထပ်ခဲ့ကြတာပေါ့။ လွန်ခဲ့တဲ့ ၈နှစ်လုံး ပျော်စရာကောင်းခဲ့တယ်။ ဒီလိုပျော်စရာကောင်းတဲ့ ကျတော်နဲ့မောင့် နေရာလေးကို အဲ့မိန်းကလေး ရောက်မလာရင် သိပ်ကိုကောင်းမှာပဲ။ အဲ့နေ့က Feb 17ရက်နေ့ မောင့်မွေးနေ့မရောက်ခင် ၁ရက်ရက်အလိုကပေါ့။ မောင့်မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးဖို့ ရယ် surpriseလုပ်ဖို့အတွက် လိုအပ်တာတေဝယ်ဖို့ ကျတော့်သူငယ်ချင်း စုံတွဲဲနဲ့အတူ ကုန်တိုက်ကို ထွက်ခဲ့တယ်။ ကုန်တိုက်ရောက်တော့ မောင်သဘောကျလောက်မဲ့ အရာမျိုး မွေးနေ့လက်ဆောင်ပေး ချင်တာကြောင် ရှာဖွေနေတုန်းမှာပဲ။
"shua အဲ့တာ seokminမလား"
"ဟင် ဘယ်မှာလဲ"
မောင်ဟာ သူ့ဘေးမှာကောင်မလေး တစ်ယောက်နဲ့။ သူနဲ့ သူ့သူငယ်ချင်းတေကိုတောင် မြင်မှာမဟုတ်ပါဘူး။
"မဟုတ်လောက်ပါဘူး hannieကလည်း hannieအမြင််မှားတာနေမှာပါ ဟုတ်တယ်မလား shua"
"အင်း ဟုတ်တယ် jeonghannieကလည်း မောင်က မိန်းကလေးတေနဲ့ ထပ်ပြီး မရှုပ်တော့ပါဘူးလို့ ကတိပေးထားတာကို"
Jeonghannieကို အဲ့လိုပြောလိုက်ပေမယ့် စိတ်ထဲထင့်နေမိတယ်။ သူနဲ့မတွဲခင် ကျောင်းတက်တုန်းကပေါ့ မိန်းကလေး အရမ်းရှုပ်တာ။ သူကိိုလာ ကြိုက်သမျှ မိန်းကလေးတိုင်းကို ပြန်တွဲတယ်ဆိုတာကြည့်ပဲ။ တစ်နေ့မောင်သူ့ကို ချစ်မိသွားတယ်လို့ပြောပြီး ချစ်ရေးဆိုလာတော့ မယုံသင်ခါဖြစ်မိသွားတယ်။ ဒါမဲ့လည်း မောင်နဲ့ ချစ်သူသက်တမ်း ၂နှစ်မှာ မောင်ဟာ သူ့နောက်ကွယ်မှာ တခြားမိန်းကလေးတေနဲ့ ဖောက်ပြန်နေခဲ့တယ်။ သူမိတဲ့အချိန်မှာ သူ့ကိုနောက်နောင် ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့တယ်။ မဟုတ်မှ မောင် ထပ်ရှုပ်နေပြန်တာလားမောင်။