1

2.7K 148 4
                                    

<Unicode>

ကျယ်ပြောသော ဧည့်ခန်းအနေအထားနှင့် ချိတ်ဆွဲထားသော ဓာတ်ပုံများက အိမ်ပိုင်ရှင်တွေ၏ ပျော်ရွင်သော နေ့ရက်တွေ့ကို ဖော်ဆောင်နေလေသည်။

ရှင်းလင်းသလိုနှင့် အဆင့်အတန်းမြင့်သော ထိုဧည့်ခန်းပုံစံအရ နေထိုင်သူသည် တော်ယုံမဟုတ်လောက််ပေ။

သုံးထပ်အိမ်ကြီးတစ်လျောက် ကျယ်ပြောသော ဧည့်ခန်း ၊ ထမင်းစားခန်း၊ ဂီတခန်း၊ Gymခန်း၊ စာဖတ်ခန်း စသည့်တို့အပြည့်အစုံတည်ရှိနေသည်။

ယင်းအပြင် ထူးခြားစွာနှင့် အိမ်၏ဒုတိယထပ်၌ ဝက်ကလေးပုံ ကပ်ထားသော အခန်းကျယ်တစ်ခုရှိကာ တစ်ဖက်ခြမ်း၌ ကလေး ကစားစရာများဖြင့် ပြည့်နေသည့် အခန်းတစ်ခုလည်း အပိုပါရှိနေသည်ကို တွေ့ရသည်။

ကင်မရာ၏ လှည့်ပတ်ရိုက်ကူးနေပုံအရ သရုပ်ဆောင် ဆုများစွာကိုလည်း တွေ့ရှိရသည်မို့ သေချာပေါက် ဤအိမ်သည် နာမည်ကြီးမင်းသားတစ်ယောက်၏ အိမ်ပင်ဖြစ်ပါလိမ့်မည်။

Johny, Johny,
Yes papa?
Eating sugar?
No papa.
Telling lies?
No papa.
Open your mouth
Ha ha ha!

TVမှ တစ်ဆင့် ထွက်လာသော သီချင်းသံနှင့်အတူ ဧည့်ခန်းထဲရှိ ကလေးငယ်တစ်ယောက်၏ လိုက်ဆိုနေသံလေးက ကျယ်လောင်စွာထွက်ပေါ်နေလေသည်။

ကြောင်နားရွက်ကလေး ထောင်နေသည့် ဝတ်စုံလေးနှင့် နို့ဗူးလေးကိုင်လျက် ပျော်ရွင်စွာ လိုက်ဆိုနေသော အသံလေးက အလွန်ချစ်စရာကောင်းလှသည်။

ထို့နောက်........

"ဟင်"

အိကျနေသည့် ပါးပြင်လေးတွေက နီရဲကာ တောက်ပပြီး ဝိုင်းစက်နေသော မျက်ဝန်းလေးများဖြင့် ဖွေးဥ လုံးတစ်နေသော ကလေးငယ်တစ်ယောက်က ကင်မရာမြင်ကွင်းရှေ့ကို ရောက်ရှိလာလေသည်။

နို့ဗူးကို ဘေးချပြီး တစ်တုတ်နေသော လက်ကလေးက ယမ်းခါလျက် ဖြေးဖြေးချင်းအနားသုိ့လာကာ မျက်ဝန်းတောက်တောက်လေးများက မျက်စိရှေ့က ရိုက်ကူးနေသော ကင်မရာသွားရာကို စိတ်ဝင်တစား ဝေ့ဝဲကြည့််နေလေသည်။

The moon is beautiful, isn't it?Where stories live. Discover now