ဒီအဖြစ်ပျက်ကတော့ကျွန်တော်Sex friကိစ္စအဆုံးသတ်ချိန်မှာပါ။
အဲ့အစ်မနာမည်ခုထိမှတ်မိသေးတယ်။ကျွန်တော့်ကိုဒုန်ဆယ်လို့ခေါ်နေကျ။ကလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့အစ်မကြီးလိုပါပဲ။
ဘာလို့နောက်ဆုံးမှရေးရလဲဆိုအားလုံးထဲမှာလက်ရှိချစ်သူပြီးရင်အကောင်းဆုံးသူမို့ပါ။နောက်ဆုံးပိတ်အိတ်နဲ့လွယ်သဘောမျိုးပါပဲအစ်မကိုစတွေ့တာကျောင်းကစုပြီးထွက်တဲ့shot tripတခုမှာပါ။သူမကboyishဖြစ်တဲ့ပုံပေါက်နေတာ။မပြင်မဆင်နဲ့ယောကျ်ားလေးပုံပေါက်တယ်။tripပြန်တော့gpဖွဲ့အကုန်fb accတွေaddတော့ပထမဆုံးအစ်မဘက်ကစကားလာပြောတယ်။နောက်တော့သူ့ရဲ့အချစ်ရေးရာအကြံပေးလိုလိုဖြစ်သွားတယ်။
(တကယ်ကအဲ့အစ်ကိုကိုသူတကယ်မကြိုက်ပါဘူးငယ်ပေါင်းလိုဖြစ်နေတော့အားမလိုအားမရဖြစ်နေတာ)
အစ်မကကျွန်တော့်ထက်6နှစ်လောက်ကြီးတယ်။ကျွန်တော်ထက်လဲအရပ်နှိမ့်တယ်။သူ့fashionကဘောင်းဘီအပွ၊sneaker၊
ကျောပိုးအိတ်နဲ့ တခါတလေဦးထုပ်ကစောင်းထားသေးတယ်။အသားလဲဖြူဥနေရောKoreaသူလိုလို၊တရုတ်မလိုလိုနဲ့ပါးတွေဆိုနီနေတာ(သဘာဝပါ)၊မျက်လုံးဝိုင်းဝိုင်းလေး၊ဆံပင်အတိုနဲ့။
အစ်မကောကျွန်တော်ကောBoxingထိုးရတာကြိုက်တယ်။တူတူသာမထိုးဘူးတာအမြဲစိန်ခေါ်နေကော။သဘောကျမိတယ်ရယ်ကျွန်တော်ဘက်က။ကျွန်တော့်ကိုသူတနေရာရာသွားမယ်ဆိုဒုန်ဆယ်ရေဒီနေ့အားလား,ငါစိတ်မကြည်နေလို့Alibabaမှသွားကဲရအောင်ဆိုခေါ်တယ်။ဟိုရောက်တော့ကစားတာတွေကအားသုံးရတာချည်းပဲXDကြောက်တောင်ကြောက်မိတယ်။Drumတီး၊Zombieပစ်၊ဘောလုံးပစ်၊တူနဲ့ထုအဲ့လိုဟာတွေချည်းဆော့တာ။
ကျွန်တော်လဲကူဆော့ပေးပေါ့။ကျွန်တော့်ကိုမုန့်လဲကျွေးအအေးလဲဝယ်တိုက်တယ်ရယ်။
ကျွန်တော်လိုReal drumမှာ skillတချက်မှမရှိတဲ့သူကိုElectric drumကိုပိုက်ဆံ5000လောက်သုံးပြီးကျွန်တော်ပျော်ရင်ပြီးရောဆိုတဲ့စိတ်ကိုတကယ်ကြွေခဲ့တာဗျ။
ကြားထဲရန်ကုန်မှာအစ်မနဲ့ကရုပ်ရှင်အတူကြည့်၊Gameအတူဆော့၊မုန့်ပတ်စား၊သူအဆင်မပြေတာရင်ဖွင့်။ကျွန်တော်ကစကားနည်းတော့သူ့အတွက်listenerကောင်းတယောက်ဖြစ်ခဲ့တယ်။Englishစာတွေလဲတူတူလုပ်ဖြစ်တယ်။ကျွန်တော်ဆီကစာအုပ်တွေလဲငှားတယ်။ကျွန်တော်ပါးကဝက်ခြံတွေကိုလဲဂရုစိုက်ပေးခဲ့တယ်။ခုချိန်ထိရည်းစားမထားဖူးတဲ့သူကကျွန်တော်ကိုဘယ်လိုကောင်မလေးတွေဆိုရှောင်လို့ပြောပြတယ်။
ကျွန်တော်ရှေ့ရေးအတွက်လဲအများကြီးစဥ်းစားပေးခဲ့တဲ့အစ်မလိုpure love မရှိနိုင်တော့ဘူးထင်တယ်ဗျ။ကျွန်တော်ဘက်ကလဲအစ်မကိုမိန်းကလေးဆန်အောင်ဆံပင်နည်းနည်းရှည်အောင်ထားခိုင်းတယ်၊နှုတ်ခမ်းနီဆိုးတာဘာညာလုပ်ပေးရတယ်ရယ်။
တရက်အစ်မနဲ့ကျွန်တော်ချိန်းထားလို့သူတိုက်ခန်းသွားတော့သူကရာသီလာနေလို့ခွေနေတာအဲ့တာ
Padကုန်နေတာကျွန်တော့်ကိုမပြောဘူးရှက်လို့၊အပြင်မသွားဘူးချည်းလုပ်နေတာရိပ်မိတော့ကျွန်တော်လဲရည်းစားတယောက်ထားဖူးတော့ဒါတွေသိတယ်ဘာညာပေါ့မြင်လဲမြင်ဖူးတယ်ပေါ့။ပြောမှရှက်ပြီးပြောပြတာ၊အဲတာကျွန်တော်ကသွားဝယ်ပေးပေါ့။နောက်ရက်ကြတော့ဒုန်ဆယ်အရက်သောက်တတ်လာဘာညာနဲ့သူတိုက်ခန်းမှာပဲတလုံးချပေါ့။အဲ့ကျမှအစ်မကမူးမူးနဲ့အဖိုးတန်းenergyလေးဆိုကျွန်တော့်နှဖူးကိုလာနမ်းတယ်။အဲ့တုံးကအရမ်းပျော်တာ။ကျွန်တော်တန်ဖိုးထားတဲ့အမျိုးသမီးတယောက်ဆီကကြားရတော့နှစ်ဆပျော်ပေါ့။