1

109 11 0
                                    

recommend song - 'lovers rock' by TV Girl

_ _ _ _ _ _ _ _ _ _ _
uni

လူတွေမှာ အချစ်ဦးရယ် ၊ အချစ်ဆုံးသောသူရယ် ၂ ယောက်ရှိတယ်တဲ့။ sung hanbin အတွက်ကတော့ သူ့ရဲ့အချစ်ဦးဟာ သူ့ရဲ့အချစ်ဆုံးပါပဲ။ ထိုအချစ်ဆုံးဆိုသော လူသား၏ အချစ်ကိုရဖို့အတွက်အကြိမ်ကြိမ်လဲဖွင့်ပြောဖူးပါတယ်။ ပထမဆုံးတစ်ခေါက်ဖွင့်ပြောတုန်းက အရက်မူးချင်ယောင်ဆောင်ကာဖွင့်ပြောခဲ့သည်။ အငြင်းခံရလျှင်တောင်နောက်နေ့ကျမသိချင်ယောင်ဆောင်ပြီးထိုကောင်လေးအနားမှာတွယ်ကပ်ချင်သောကြောင့်ဖြစ်သည်။ နောက်ထပ် သူ၏မွေးနေ့မှာလဲဖွင့်ပြောဖူးသည်။ မွေးနေ့လက်ဆောင်အနေနှင့်များ သူ၏ချစ်ရေးဆိုတာကိုလက်ခံမလားတွေးတော၍ဖွင့်ပြောတာဖြစ်သည်။ ဖွင့်ပြောတိုင်းလဲထိုကောင်လေးက 'hyung ကို အကိုတစ်ယောက်အနေနဲ့ပဲချစ်တာ' လို့ပြုံးပြုံးလေးငြင်းတတ်သည်။
ခနခနချစ်ကြောင်းပြောရင် သူ့ကိုစိတ်ကွက်သွားလေမလားဟု hanbin တွေးမိပေမဲ့ ထိုကောင်လေးကသူသဘောကျနေသည်ဆိုတာကိုစိတ်ထဲမထားချေ။ အမြဲပုံမှန်အတိုင်းသာနွေးနွေးထွေးထွေးဆက်ဆံတတ်၏။ ဒါကပဲ hanbin ရဲ့မကြိုက်မိတော့ဖို့ကြိုးစားတာတွေကိုလက်လျော့စေခဲ့သည်။

__________

မီးရောင်စူးစူးနှင့် လူအများကြားတွင် hanbin ခေါင်းမူးနောက်လာသည်။ အခန်းဖော်သူငယ်ချင်းကောင်းမှုကြောင့် ကျောင်းနောက်ဆုံးနေ့အတွက်လုပ်ပေးသော party တွင်ရောက်နေရခြင်းပင်။ ထို party ခန်းထဲတွင်သူမနေနိုင်တော့ အပြင်ထွက်မည်အလုပ် သူ့အားကောင်လေးတစ်ယောက်ကဝင်တိုက်သောကြောင့် နောက်လန်မကျရင်ထိန်းလိုက်ရသည်။

"hyung~"

အသံလာရာကြည့်မိတော့ sung hanbin ရဲ့ဘဝမှာနှစ်နှစ်ကာကာချစ်မိခဲ့တဲ့ ၂ ယောက်မရှိသောသူ။ ထိုသူကအရက်ရှိန်ကြောင့် hanbin ကိုရီရီဝေဝေစိုက်ကြည့်နေသည်။ မျက်နှာတစ်ခုလုံးလဲနီမြန်းကာ ခရမ်းချဉ်သီးလေးနှင့်ပင်တူနေ၏။

"matthew~ အရက်တအားမူးနေပြီလားဟင်"

ထိုသို့မေးတော့အမူးသမားလေးက 'သိပ်မမူးသေးဘူး' ဟုတိုးတိုးရေရွတ်ရင်းခေါင်းခါပြလာသည်။

kissWhere stories live. Discover now