အပိုင်း(၃၃) Final Unicode+zawgyi

8.6K 139 42
                                    

Unicode

ချစ်ခြင်းမေတ္တာရဲ့ခမ်းနားမှု အပိုင်း(၃၃)(ဇာတ်သိမ်းပိုင်း)

Black ကဒ်ထုတ်ပေးလာတဲ့ မောင်ကြောင့် မျက်လုံးပြူးသွားရသည်။

"ဟို ရပါတယ် ငယ့်မှာ ရှိတယ်"

"မောင် ရှာထားတာတွေ ငယ့်အတွက်လေ။ငယ်မသုံးတော့ မောင်က ဘယ်လိုလုပ်ရမလဲ ငယ်ရဲ့။ယူသွားလိုက်နော်"

"ဟုတ်"
မောင်နဲ့ မျှော်လင့်ထားခဲ့တဲ့ ဟန်းနီးမွန်းကို အခုလိုထွက်ရတော့မည်ဆိုတော့ ရင်ခုန်မိသည်။ထိုညက တစ်ညလုံး စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ခဲ့ပေ။
————————
"မြတ်နိုး"
"မြတ်နိုးရေ.."

စာအုပ်ဖတ်နေတုန်း မချယ်ရဲ့ အသံကြောင့် အိမ်ရှေ့ထွက်လိုက်သည်။

"လာပြီ မချယ်ရေ"

"ဟွန့် မြတ်နိုးတို့များ ပျောက်ချက်သားကောင်းနေတာနော်။ မချယ်ဆီတောင် အလည်မလာဘူး။"

ဆိုဖာပေါ်ထိုင်ပြီး ဘေးနားမှာ မျက်နှာလေးကို ဆူပုတ်ပုတ်ပြောနေတဲ့ မချယ်ဟာ တကယ်ချစ်စရာလေးပါ။ဒါကြောင့် အကိုဓနက သဲသဲလှုပ်နေတာထင်တယ်။

"မြတ်နိုး ခုရက်ပိုင်း သင်တန်းတက်နေတာ မချယ်ရဲ့။ ဟိုတစ်လောကမှ ပြီးသွားတာ"

"ဟုတ်လား လာ မနဲ့ လိုတာတွေ သွားဝယ်ရအောင်။ဒါနဲ့ နိုဝင်ရော"

"မောင်လား"
"မောင်က အလုပ်ကိစ္စရှိလို့ဆိုပြီး အစောကြီးတည်းက ထွက်သွားတာ"

"ဟုတ်လား အဲ့ဆို လာလေ မတို့ သွားရအောင်"

"ဟုတ်ကဲ့"
———————
"မမ ဒါဆို မောင်နဲ့လိုက်မယ်ထင်တယ်နော်"

အကျီအပြာနုလေးမို့ မြတ်နိုးက နိုဝင်အတွက် မနည်းရွေးတတ်သည်ဟု ကောက်ချက်ချမိသည်

"နိုဝင်က အသားဖြူတော့ ကြည့်ကောင်းမှာပါ"

"မမ ဒါလေးဆို မောင့်နဲ့ ပိုလိုက်မယ်ထင်တယ်"

"...."

"မမ ဒါနဲ့ဆို မောင်က တော်တော်ကြည့်ကောင်းမှာ"

"မမ ဒါလေး..."

"ကဲ မြတ်နိုးရေ နင့်ယောကျ်ားအတွက် လာဝယ်တာလား နင့်အတွက်ဝယ်ဖို့လာတာလား"

ချစ်ခြင်းမေတ္တာရဲ့ခမ်းနားမှု Where stories live. Discover now