Chapter - 1

651 60 21
                                    

[Recommended song - Love me like you do by Ellie Goulding for the whole fanfiction]







[Unicode]





ကျယ်၀န်းတိတ်ဆိတ်လှသည့် ထမင်းစားခန်းတစ်ခုအတွင်း ဇွန်းခက်ရင်းသံ ဓားသံတို့ပင် မကြားရ‌သည်က အဆင့်အတန်းတစ်ခုကို ဖော်ပြနေသယောင်။ ရှည်လျားသည့် စားပွဲပေါ်၀ယ် တည်ခင်းထားသည့် ဟင်းပွဲတို့က စားသောက်နေသည့် လူလေးယောက်ထက် ပိုလျှံနေသည်က အသိသာပင်။

" ဟင်းတွေကစုတ်ပြတ်သပ်နေတာပဲ "

တည်ငြိမ်နေသည့်အခြေအနေအတွင်း ထွက်လာသည့် စကားသံက တင်းမာလွန်းနေသည်။ တမင်ပြောလိုက်သည့်စကားတစ်ခွန်းဖြစ်သော်လည်း ထိုဟင်းပွဲများကို ချက်ပြုတ်သည့် စားဖိုမှူးကတော့ တုန်ယင်ကာ ဒူးထောက်တော့မတတ်ပင်။

" ဟို... ဟို တောင်းပန်ပါတယ် သခင်လေး၊ ဘယ်ဟင်းပွဲကို ပြန်ပြင်ပေးရမလဲ "

" အကုန် လွှင့်ပစ်လိုက် "

" ရှင်းဂျယ်ယွန်း! "

ဒါလေ၊ သူလိုချင်တာ ဒါ။ အာရုံစိုက်ခံရဖို့ အခုလိုမျိုး ဆိုးသွမ်းလိုက်မှ ပထွေးထက်ဆိုးသည့်အဖေက ဝင်ပြောလာတာမျိုး။ ဂရုစိုက်တာတော့ ဟုတ်မည်မထင်။ ဟင်းပွဲတွေလွှင့်ပစ်လိုက်မှတော့ သူ့ရဲ့မိန်းမနဲ့ မယားပါသားက ဘာသွားစားမလဲ။

" မင်း သိပ်လူပါး၀မလာနဲ့ "

သားအရင်းဖြစ်သူကို ပြောတဲ့စကားက နားထဲ ကိုးလို့ကန့်လန့်၀င်သွားရုံမက ရင်ထဲပါတဆစ်ဆစ်။ သို့သော်လည်း ထုတ်မပြတတ်သည်မို့ မဟုတ်ဘူး ထုတ်ပြလည်း ဘာမှမထူးသည်မို့ နာကျင်မှုကိုဖုံးကွယ်ထားသည့် ရယ်သံတစ်ချက်သာ ထွက်လာသည်။ တကယ်က ရင်ထဲမှာ ငိုနေတာ ဘယ်သူသိမှာလဲ။

" ဒီနေ့စားဖိုမှူးကို အဖေရဲ့မိန်းမက အသစ်ခန့်ထားတာမလား၊ အဲ့ဒါကြောင့် စေတနာနဲ့ပြောတာပါ၊ အဆိပ်မိသွားရင် အခုလို ကျွန်တော့်နာမည်ကိုတောင် မခေါ်နိုင်ဖြစ်သွားမယ် "

စကားကိုရှေ့နောက်ကြည့်ကာ မပြောတတ်သည့်အကျင့်ကြောင့် ဘယ်သူမှဂရုမစိုက်ဘဲ ထွက်လာခဲ့လိုက်တော့သည်။ သူ ထွက်သွားတာနဲ့ ပလီပလာပြောမယ့် မိန်းမရယ် မီးလောင်ရာလေပင့်ပေးမယ့်ကောင်ရယ်နဲ့ သူများအမြင် ကြည်နူးစရာကောင်းတဲ့ မိသားစုသုံးယောက်ဖြစ်နေမှာပေါ့။

𝗖𝗛𝗢𝗜𝗖𝗘 [𝗛𝗘𝗘𝗝𝗔𝗞𝗘𝗛𝗢𝗢𝗡]Where stories live. Discover now