Broom!... Broom!
သူ့ကို အလယ်မှာ ထားပြီး ပတ်မောင်းနေတဲ့ ဆိုင်ကယ်လ်နှစ်စီးကြောင့် ရသမှော် မျက်လုံးကို စုံမှိတ်ကာ အံကိုလည်း တင်းတင်းကြိတ်ထားလိုက်လေသည်။
"ကျစ်! ဒါက ဘယ်လို ငရဲပါလိမ့်"
သူ ခပ်တိုးတိုး ရေရွတ်ကာ ပခုံးပေါ်တွင် ချိတ်ထားသည့် ကျောပိုးအိတ်ထဲမှ နံပါတ် အဆစ်တုတ်ကို ထုတ်လိုက်လေသည်။ထိုတုတ်ကို ခါလိုက်သည့်အခါ အဆစ်ကလေးများ ပြုတ်ထွတ်လာပြီး တစ်ပေခွဲမျှ ရှည်သည့် လူရိုက်တုတ် အသေးစားလေး ဖြစ်လာလေသည်။ထို့နောက် သူသည် ဆိုင်ကယ်လ်နှစ်စီးပေါ်မှ လူနှစ်ယောက်အား တစ်လှည့်စီ အားကုန်လွှဲ၍ တုတ်နှင့် ရိုက်ချပစ်လိုက်လေတော့သည်။ထိုအခိုက် သူ၏ နှုတ်ခမ်းပေါ်တွင်လည်း မဲ့ပြုံးလေးက တွဲခိုလျက်။
သူ့နာမည်သည် ရသမှော် ဖြစ်လေသည်။သို့သော် သူ့အား ရင်းနှီးသည့် လူနည်းစုကတော့ဖြင် Y ဟုသာ ခေါ်ကြလေသည်။သူသည် ယခင်က ပြည်ပရှိ အကောင်းဆုံး ကျောင်းတွင် တတ်ခဲ့ပြီး ယခုတော့ အမိမြေရှိ အကောင်းဆုံး ကိုယ်ပိုင်ကျောင်းတွင် လာ၍ တတ်ရခြင်း ဖြစ်လေသည်။ယခုလို ကျောင်းပြောင်းရခြင်းမှာ အကြောင်းအရင်း ရှိလေသည်။ထိုအရာကတော့ သူ၏ မိခင်ဆုံးပါးသွားခြင်းကြောင့် ဖြစ်လေ၏။ကျန်ရစ်ခဲ့သည့် ဖခင်သည်လည်း အထီးကျန်နေသည်ဖြစ်သောကြောင့် Y ပြန်လာရခြင်း။
ယခုတော့ ကျောင်းစတတ်သည့် နေ့တွင် သူ့ကို ကျောင်းလူဆိုးလေးများက စ၍ ရန်ရှာကြပြီ ဖြစ်လေသည်။သို့သော် သူသည် ထိုလူဆိုးလေးများထက် ပို၍ ဆိုးသော လူဆိုးပင် ဖြစ်လေ၏။သူသည် အသားဝါဝါလေးနှင့် အပြုံးလှလှလေးကို ပိုင်ဆိုင်ထားပြီး အရပ်ပင် ၆ပေ ၂ လက်မ ရှိလေသည်။မိန်းကလေး အများစု လိုချင်ကြသော ပုံစံလေးသာ ဖြစ်လေ၏။သို့သော် သူ့တွင် နူးညံ့ခြင်းဟူ၍ တစိုးတစိမျှ မရှိပေ။ထို့ပြင် သူသည် ရန်လိုသည့် အခါ နှုတ်ခမ်းထက်တွင် အပြုံးလှလှလေးအစား မဲ့ပြုံးလေး ပေါ်လာတတ်လေ၏။
ယခုလည်း အော်ဟစ်ကာ ဆိုင်ကယ်လ်ပေါ်မှ ပြုတ်ကျသွားသည့် လူနှစ်ယောက်ကို ကြည့်ကာ ခနဲ့ပြုံး ပြုံးလိုက်လေသည်။