[Taylor Swift _ Paper Ring(Recommed song)
ဟန်ဘင်းအိမ်ထဲဝင်လာလိုက်တော့မီးတွေအကုန်လုံးနီးပါးပိတ်နေလေသည်။သူနဲ့သူချစ်သူအိပ်စက်ရာအိပ်ခန်းလေးသာမီးလင်းနေ၏။ဝင်လာလာချင်းဧည့်ခန်းကပန်းအိုးကလည်းကျကွဲနေသည်။သိချင်စိတ်ဖြင့်အမြန်ဝင်သွားလိုက်ရာသူချစ်ရတဲ့ကောင်လေးဟာပုခုံးစွန်းလေးတွေလှုပ်ခတ်တဲ့ထိရှိုက်ကြီးတငင်ငိုနေသည့်မြင်ကွင်းအားဟန်ဘင်းမြင်လိုက်ရလေသည်။
''ယောင်းဝူ''
သူ့ရဲ့တိုးဖွဖွခေါ်သံနောက်မျက်ဝန်းစိမ်းတစ်ခုကသူ့အားမော့ကြည့်လာသည်။စိမ်းစိမ်းကားကားပါဘဲ။သူ့ရင်တွေနာလောက်တဲ့ထိကိုစိမ်းကားလွန်းနေသည်။
''ခင်ဗျား ဘာလာလုပ်တာလဲ ခင်ဗျားရဲ့ကောင်မနားဘဲသွားလေ''
''မင်းဘာပြောချင်တာလဲ ''
''နေ့လည်ကခင်ဗျားတို့နှစ်ယောက်ကိုတွေ့လိုက်တယ် ခင်ဗျားရဲ့ကောင်မကလည်းကျွန်တော်အိမ်ထိလာသောင်းကျန်းပြီးသွားပြီ ''
''ကိုယ်''
''ထွက်သွားပါတော့ အီမင်ယူရယ်''
''ထွက်သွားဖို့တော့မပြောပါနဲ့လား''
''သွားပါတော့''
''ကောင်းပြီ မင်းအဆင်ပြေဖို့မျှော်လင့်ပါတယ် ''
အီမင်ယူတစ်ဖြစ်လည်းဟန်ဘင်းအခန်းထဲကထွက်လာလိုက်ပြီးနောက်မီးခလုတ်တွေကိုလိုက်ဖွင့်ရတော့သည်။ကျကွဲသွားတဲ့ပန်းအိုးအကွဲတွေကိုအမြန်ရှင်းလိုက်ပြီးမှအိပ်ခန်းထဲပြန်ဝင်လာလိုက်သည်။သူဝင်လာတော့သူ့အားနောက်ကျောပေးကာသူ့လက်တော့နဲ့စာရိုက်နေတဲ့ဂျွန်ယောင်းဝူတစ်ဖြစ်လည်းသူရည်းစားလေးရစ်ခီ့ကိုတွေ့ရလေသည်။
''ဘေဘီ ပြီးတော့မှာလား ''
''အင်း တစ်ကြောင်းနှစ်ကြောင်းဘဲ ရေအရင်ချိုးလိုက် ဟင်းတွေနွေးထားလိုက်မယ် ''
''ဟုတ်ပါပြီဗျာ ''
တကယ်တော့စောနကငိုယိုနေတဲ့အခြေအနေကရစ်ခီခုရေးနေတဲ့စာအုပ်အတွက်ဖြစ်သည်။ဂျွန်ယောင်းဝူနဲ့အီမင်ယူကအဓိကဇာတ်ကောင်တွေဖြစ်သည်။'စာရေးတဲ့လူကသရုပ်ဆောင်တတ်ရင်ဇာတ်လမ်းကပိုပြီးအသက်ဝင်တယ်'ဆိုတဲ့စကားနဲ့သူ့မှာစာအုပ်ထဲကလိုလိုက်သရုပ်ဆောင်ပေးနေရတာဖြစ်သည်။မလုပ်ပေးလို့လည်းမရ သူ့သဘောလိုက်မလုပ်ပေးရင်ကောက်တာ။