" ကြားလို့ ကောင်းမယ်ထင်နေတာလား ဟန်ဘင်း သံအမတ်ရဲ့ သားဖြစ်သူ က ယောင်္ကျားလေးချင်း ကြိုက်နေတယ်ဆိုတာကို"
ဆိုပြီး ဟန်ဘင်းရဲ့ ပါးကို တချက်ရိုက်လိုက်တဲ့ အမေ
" တော်ပါတော့ အမေရဲ့ အကို့ကို မလုပ်ပါနဲ့တော့"
မနေနိုင်တဲ့ ဂယူဘင်း ကပဲ ၀င်တားရသည်
ဟန်ဘင်း ဆိုတဲ့ အကို ဖြစ်သူကတော့ ဘာမှ မပြောပဲ ခပ်ရွဲ့ရွဲ့သာ ပြုံးသည်" ၅ ရက် ၅ ရက်တိတိ အချိန်ပေးမယ် ! အဲ့အချိန်အတွင်း အဲ့ကောင်လေးနဲ့ အပြတ်မဖြတ်နိုင်ရင် မင်း US ကို ကျောင်းသွားတက်ရမယ် ဒါပဲ"
ရက်စက်တယ် ဟုတ်တယ် အာဏာဂုဏ်မောက်နေတယ်လို့ ထင်ရလောက်အောင်ကို လူတွေ အမြင်မှာတော့ စိတ်သဘောထား ကောင်းတယ်လို့ ထင်ရပေမဲ့ သူက အာဏာကို အရမ်းမက်မောတဲ့ မိန်းမသား
" အကို အကို ဘလိုလုပ်မှာလဲဟင် "
" ၅ ရက်ဆိုတော့လဲ ၅ ရက်ပေါ့ အဟက်!"
ဆိုပြီး ပြုံးနေသော အကို ဂယူဘင်းသာ အဲ့နေရာမှာဆို သေလောက်သည် အကိုဟန်ဘင်းက ဂယူဘင်းထက် စိတ်မာသည် ပြီးတော့ အမေတို့က သူ့ကို သိပ်ဂရုမစိုက်ပဲ အငယ်ဖြစ်တဲ့ ကိုယ်ကိုပဲ ဂရုစိုက်နေတာမို့ အဲ့ဟာကပဲ ကောင်းသွားတာလားမသိ ဘယ်အချိန်နေနေ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်စွမ်းရှိသည် ဂယူဘင်းကတော့ မိဘပေါ်ကို အခုထိ မလွန်ဆန်နိုင်သေးပါ
_____________
အက သင်တန်းစတက်ရမဲ့ နေမို့ ယူဂျင်းစိတ်လှုပ်ရှားနေသည် သားက အကသင်တန်းတက်ချင်တယ်လို့ ပြောတော့ ရိုးရိုးသင်တန်း ထားပေမယ် ထင်နေတာ ဒီလို အဆင့်တန်းမြင့်မြင့် တလကို 1500$ လောက်ပေးရလောက်တဲ့ နေရာမှာ ထားမယ်လို့ ဘယ်ထင်ပါ့မလဲ ဘာပဲဖြစ်ဖြစ် ဒီလိုဆိုတော့လဲ ယူဂျင်းပိုပျော်ရတာပေါ့ ဟုတ်တယ်မလား ရောက်တဲ့ ခါကျတော့ အပြင်ဘက်မှာ မြက်ခင်းပြင်တွေ ရှိသည် ပန်းလှလှ လေးတွေလဲ ရှိသည် ပြီးတော့ ရေအိုင်လေးလဲ ရှိသည် အရမ်းကြိုးစားထားလို့ ပင်ပန်းရင် ဒီမှာလာပြီး လမ်းလျှောက်ပြီး လေညှင်းခံထွက်လို့ရတဲ့အထိ ဒီခြံ၀င်းလို့ပဲပြောရမလား အဲ့နေရာ လေးတင်ကို
ပေ ၃၀ ကျော်လောက်သည် ယူဂျင်းကလဲ ဒီလိုနေရာမျိုးလေးတွေမှ သဘောကျတက်တဲ့ လူဆိုတော့ အဆင်ပြေတာပေါ့ ထိုစဉ် သူ့ရဲ့ နှာတံလေးပေါ်လို့ ရောက်လာတဲ့ ဖြူဖြူနုနု အဲ မဟုတ်ဘူး ငှက်မွှေးလေး မြေကြီးပေါ်ကို ပြုတ်ကျ တော့မှာ မို့လို့ ယူဂျင်းအမြန်ကောက်ပြီး ဆုတောင်းလိုက်သည်