- သခင်ကြီး ကော်ဖီရပါပြီ
- အင်း ဟိုကောင်လေးရော Ken
- အရင်အတိုင်းပါပဲ။ ဘာမေးမေး မသိဘူး၊ ခေါင်းကိုက်တယ် ချည်း ဖြေနေတာ။
- အင်း ခနနေ သူ့ကို ခေါ်လာခဲ့။ သွားလို့ ရပြီ။
- ဟုတ်ကဲ့ပါ သခင်ကြီး
Ken 90°Bow လုပ်ကာ ဟိုက်ခွမ်း ကို ဦးညွတ်ပြီး အိမ်တော်ထဲမှ ထွက်လာလိုက်သည်။
လျှိုဟိုက်ခွမ်း လျှိုစံအိမ်တော်ရဲ့ သခင်ကြီး! ဟိုတယ်ပေါင်းမြောက်မြားစွာ ပိုင်ဆိုင်ပြီး နောက်ကွယ်တွင်တော့ မကောင်းမှုတွေ ပြုလုပ်နေသော သူ!
လွန်ခဲ့သော ၃ရက်က စံအိမ်ရှေ့ သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော သူကို သူတို့ ကယ်တင်ခဲ့တယ်။ ထိုသူဟာ ဘယ်သူလဲ ဆိုတာ တပည့်တွေကို စုံစမ်းခိုင်းပေမယ့် ထိုကောင်လေးက မိမရှိဖမရှိ ကောင်လေး တစ်ယောက်မှန်း သိလိုက်ရတော့ ကရုဏာ သက်မိသည်။
သို့သော် လွယ်လွယ်နှင့်တော့ လူတွေကို မယုံပေ။ အယုံလွယ်မိတဲ့ နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ သူရဲ့ နှလုံးသား တစ်စုံ အပြင် သူချစ်ရပါသော သူရဲ့ ညီလေး သေဆုံးခဲ့ရသည် မဟုတ်ပါလား။
မိမိမှာ ရန်သူ ပေါများလှသည်မို့ ထိုကောင်လေး အကြောင်း စုံစမ်းရသည်မှာ Privacy မထိခိုက်လောက်ပေ။
- ကောင်လေး မင်း ဘာမှ မမှတ်မိသေးဘူးလား။
- ဟုတ် ကျွန်တော် အမည်နာမ က လွဲ ဘာမှ မသိဘူး။ စဥ်းစားလိုက်ရင် ခေါင်းကိုက်တယ်။
- အင်း
Dark သူရှေ့က အူတိအူကြောင် ကောင်လေးကို ကြည့်ပြီး သက်ပြင်းဖွဖွ ချလိုက်သည်။ သူတို့ ဒီကောင်လေး အကြောင်း စုံစမ်းပေမယ့် ဘာဆို ဘာမှ မသိရ။ ပကတိ ဖြူစင်ပြီး သူလျှိုတော့ မဟုတ်လောက်ဘူး မလား။
- Dark
- အင်း Ken လာပြီလား။
- အွန်း သခင်ကြီး က ကောင်လေး ကို တွေ့ချင်လို့တဲ့။ ကောင်လေး သွားမယ်။
- ဟုတ်ကဲ့
Ken နဲ့ ကောင်လေး ထွက်သွားမှ Dark လေ့ကျင့်ကွင်း ကို ဆင်းလာလိုက်သည်။
YOU ARE READING
အမုန်းထက် ပိုသော ချစ်ခြင်း/ အမုန်းထက် ပိုသော ချစ်ခြင်း { One Short }
FanfictionZawgyi ~~~~~~ ~~~~~~ အချစ်စကားတွေ တီတီတာတာ မပြောခဲ့ရပေမယ့် သူတို့ အချစ်တွေက ခိုင်မာခဲ့လေသလား..... ဘယ်လောက်ပဲ မုန်းတယ်ဆိုဆို နောက်ဆုံးတော့ အချစ်ဆိုတဲ့ အရာကြီးက အနိုင်ယူသွားလေရဲ့...... ကိုယ့်ဘ၀ရဲ့ နောက်ဆုံးထွက်သက်ထိ မင်းလက်ကို မဖြုတ်ဘူး..... Unicode ~...