အချစ်က မမြင်၊ မတွေ့နိူင်တဲ့ စိတ္တဇနာမ်တဲ့
မဟုတ်တာတွေသဒ္ဒါသင်ခဲ့တဲ့ဆရာမနဲ့တွေ့ရင် ပြန်ပြောပြရဦးမယ်
ကျွန်မက အချစ်ကို မြင်ရတဲ့အကြောင်း
မျက်လုံးနက်နက်၊ အသံသြသြလေးနဲ့သေချာတွေးမိတော့
သဒ္ဒါဟာ အလုံးစုံမမှားခဲ့ဘူးပဲအချစ်ဟာ ကျွန်မတစ်ယောက်ထဲအတွက်
ကွက်ပြီးထူးဆန်းနေတယ်
ကျွန်မ ကြားဖူးတဲ့အချစ်ဟာ မမြင်၊ မတွေ့နိူင်တဲ့ စိတ္တဇနာမ်တကယ် ကျွန်မသိလိုက်ရတဲ့ အချစ်ကတော့..
မြင်နိူင်ပေမဲ့ မထိတွေ့နိူင်တဲ့ ရင်နာရတဲ့နာမ်စား
YOU ARE READING
seven minus one equal to zero
Randomအတွေးထဲဝင်လာလို့ ချရေးလိုက်တဲ့ အဆီအငေါ်မတည့်တဲ့စာတွေ