* ငှက်လေးတွေက သီချင်းသီဆိုကြသလို လေပြေလေညင်းလေးတွေက ဂီတကိုဆောင်ယူကြတယ်... ဒါတွေကို အသက်ဝင်စေတာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်လေးမှာ ကလေးလေးနှစ်ယောက်ရဲ့ ချစ်စရာရယ်သံလေးတွေကပြီးပြည့်စုံစေတယ်... *
renjun - jiji ငယ်.... မိရင် hyung ဖမ်းစားပစ်မှာနော်
jisung - ဟားဟားးး ကိုကို မှီအောင်အရင်လိုက်လေ....
* သူစကားလှည့်ပြောတုန်းအငိုက်မိကာ ခြေခုပ်လှဲသွားတော့ renjun ကအပြေးလေးရောက်လာကာ ခြေထောက်သေးသေးလေးကိုစစ်ဆေးလေရဲ့ *
renjun - ခြေထောက်ပြကြည့် ကိုကို့ကို.. ဘယ်နားနာသွားသေးလဲ
jisung - ဘာမှမဖြစ်ဘူးကိုကို ပြေးလို့ရသေးတယ် ဟီးးးး လာလေ ပြန်ကစားမယ်
renjun - ကျိုးသွားရမှာ
jisung - ဗျာ?
* jisung သူ့နားကိုသူမယုံနိုင်စွာ လှမ်းနေတဲ့ခြေလှမ်းတွေကတုန်ရီစွာရပ်တန့်သွားမိသည် ... အနောက်ကိုလှည့်ကြည့်မိတော့ ကိုကို့ရဲ့မျက်လုံးတွေဟာနီရဲနေပြီး အောက်ပိုင်းမှာလဲသွေးတွေရွဲနစ်နေတဲ့ပုံစံကြောင့် jisung တူန်လှုပ်ခြောက်ခြားစွာရပ်ကြည့်လျက်... ဒါကို hyung ကရပ်နေရာကနေ သူ့စီကိုခြေလှမ်းကျဲတွေနဲ့လျောက်လာကာ သူ့အင်ကျီကော်လာကိုဆောင့်ဆွဲလာပြီး ဒေါသတကြီးအော်ပြောလေရဲ့ *
renjun - ဒီခြေထောက်ဒီမှာတစ်ခါတည်းကျိုးသွားရမှာ အဲ့လိုဆိုရင် အခုချိန်ငါလည်းအရှက်တကွဲမဖြစ်နေရဘူး လူမဆန်တဲ့အကောင်ရဲ့
jisung - ကိုကို.....
* jisung အိပ်ရာမှာလန့်နိုးလာခဲ့တော့သည်.. ဘေးပတ်ပတ်လည်ကို အတည်ပြုပြီးမှ jisung ခေါင်းစိုက်ငိုက်ကျသွားသည်... နဖူးနဲ့ ဆံပင် လည်ပင်း ခန္ဓာကိုယ်တခုလုံးမှာလည်းချွေးတွေချွဲနေခဲ့တာ အိပ်ယာမှာစိုရွဲစွာနဲ့...
jisung တွေးရင်းနဲ့ ခြောက်ကပ်ကပ်ရယ်လိုက်သည် *
jisung - ကိုကိုရယ်... ငယ်တုန်းက ကိုကိုဂရုစိုက်ခဲ့တဲ့ ဖြူစင်တဲ့အမှတ်တရလေးတွေက ကျွန်တော့်ကိုအိပ်မက်ဆိုးဖြစ်နေစေခဲ့ပြီ
* အခုတော့ ငှက်တွေလည်းမပျံဝဲနေသလို လေစိမ်းတွေတိုက်လာတာကြောင့် ခြုံထားစဲစောင်လေးကိုပုခုံးထိဆွဲယူပြီးမှ သူ့အလုပ်တစ်ခုကိုသတိရကာ
YOU ARE READING
Mistake
Fanfictionဒီ story လေး နည်းနည်းတော့ ကြမ်းလိမ့်မယ်... အပြောအဆိုကော အပြုအမူပိုင်းမှာကော... title နဲ့အလိုက်သေချာစဥ်းစားပြီး fiction လေးရေးထားတာမို့လို့ idol ကိုထိခိုက်လိုခြင်းမရှိပါ...