ကျွန်မချစ်သူမာဖီးယား
အပိုင်း(၁)"ကျွန်တော် တို့ ပစ္စည်း လဲမဲ့ နေရာက နည်းပညာ တက္ကသိုလ် နားမှာ ပါ...... ဆရာ"
စည်း ထိုင်ခုံမှာ မှီထိုင်နေပြီး ပိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။
"ငါ လိုက်ခဲ့မယ်.... စေရာ
ဒီလောက် လူများတဲ့နေရာမှာ ချိန်းပြီး ဘာဖြစ်ချင်လဲ ဆိုတာ... သိချင်တယ် "........
ဆေးလိပ် ၂လိပ် ကုန်သွားတဲ့ထိ ထိုင်စောင့်နေတာ တောင် ပစ္စည်းလဲမဲ့သူက ရောက်မလာပေ။
"အဟက်....မင်းဘာကို စောင့်နေတာ မလို့ ခုထိမလာသေးတာ ပါလိမ့်"
"ငါ့ကို လိမ်တာသာ ဆိုရင် ငါမင်းကို ....""ဘုတ်....အ"
စည်း မှာ တွေးတာတောင် ဖြောင့်ဖြောင့် မတွေးရပေ။
"ကျွတ်....ကျွတ်.... အ
နာလိုက်တာ""ဟေ့ လူကြီး လမ်းလည်ခေါင်မှာ ဘာလုပ်နေတာလဲ....လူသွားလမ်းမှာ ဒီလို ထီးထီးကြီးရပ်မနေရဘူးဆိုတာ နားမလည်ဘူး လား"
"ဘာ.....ဘယ်လို "
စည်း တော်တော်လေး အံ့သြသွားသည်။
ဒီကောင်မလေး သူကပဲ ဝင်တိုက်သေးတယ်
မတောင်းပန်တဲ့အပြင် ပြန်ဆူနေသေးတယ်????စည်း နည်းနည်းတော့ တင်းသွားသည်။
ဒီမှာ ယောကျာ်းသံနဲ့ ကောင်မလေး....
ငါ့ကို ဝင်တိုက်တာ မင်းလေ ဘယ်နှယ့်ကြောင့် ငါ့ကို ပြန်လာစွာပြီးတော့ ရန်လုပ်နေတာလဲ""ယောက်.....ယောကျ်ားသံနဲ့ ကောင်မလေး ဟုတ်လား"
"အေးလေ....ယောကျာ်း သံ ကြီးနဲ့ အော်နေတာ မင်း မရှက်ဘူးလား"
"ခင်...ခင်ဗျား ကြီးနော်
လူကြီး က လူကြီး စကားပြော"တေး အတော့်ကို ဒေါသထွက်နေပြီဖြစ်သည်။
ဒီနေရာမှာ တင် ဒေါသထွက်လွန်ပြီး သေတော့မယ် လို့ ခံစားနေရသည်။အရင်ထဲက ဒေါသထွက်ရင်လည်း ငို
ဝမ်းနည်းလည်း ငို....ပျော်လည်း ငိုနဲ့
အငိုသန်တာကို ကိုယ့်ကိုယ်ကိုယ် သိသည်။လူစိမ်းရှေ့မှာတော့ ဒေါသအထွက်လွန်ပြီး မငိုချင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းနေရသည်။
"ဒီမှာ အိုနေတဲ့ လူကြီး
အကြီးက လူကြီး စကားပြော.... မိန်းကလေး တစ်ယောက်ကို ဒီလို ပြောစရာ လား""ခင်ဗျား.....အက်...အက်..အက်သစ် (ethics) ဆိုတာ နားမလည်ဘူးလား"
စည်း မျက်ခုံးတစ်ချက်ပင့်သွားသည်။ ရီချင်စိတ် ကိုမနည်းကို ထိန်းထားရသည်။
"မင်း ethics ဆိုတာ စာလုံးရော ပေါင်းတတ်လား
မြန်မာလိုရော သိရဲ့လား...ဟမ်
ပြောပါအုံး ""အဟမ်းး... ethics က ethics ပေါ့ ဘာရှိရမှာလဲ"
"ဟားးးး....ဟားးးးးး"
စည်း အသံကျယ်ကြီး နဲ့ ကို အော်ရယ်မိသည်။
တခါမှ ဒီလောက်ထိ မရယ်ဖူးပေ။"ဟင့်....ခင်ဗျား..... ခင်ဗျား ဘာရယ်တာလဲ "
ပြောရင်းဆိုရင်း မျက်ရည်ဥလေးတွေ တွဲလဲ ခိုလာတဲ့ ဒီကောင်မလေးကို ကြည့်ရင်း
စည်း... ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
"အတော်လည်း အငိုသန်ပြီး စွာတဲ့ ကောင်မလေး ပါလား"
"ချစ်စရာလေး ပါ့လား ချာတိတ် ရယ်"
စည်း အပြင်တော့ ထုတ်မပြောရဲပေ။
ပြောများပြောမိရင် ငိုနေရင်း ထထိုးမလားပင်မသိနိုင်။"ဒီမှာ ချာတိတ်.... ယောကျာ်းသံ အာဗြဲကြီးနဲ့ တော့ လာမငိုနဲ့နော် ရှက်စရာကြီး "
"မငိုနဲ့တော့ မင်း ငိုနေတာကြည့်ရင်း ကိုယ်တောင် ဗိုက်ဆာလာပြီ.... ကိုယ့်မှာ ၅ထောင် ပါတယ်
ဖျော်ရည်ဝယ်တိုက်မယ်လေ မငိုနဲ့တော့ ""ဟင်....တကယ် လား
တေးမှာလည်း ၅ထောင် ပါတယ်.... တေးက မုန့်ဝယ်ကျွေး မယ်လေ""ဟုပြီဗျာ "
အခုလေးတင် ငိုနေပြီး မုန့်သံကြားတော့ မျက်ရည်တွေက ကြက်ပျောက်ငှာက်ပျောက် ။
စည်း မနေနိုင် ဒီနေ့ တစ်နေ့ထဲ
ဟိုးအရင်နေ့တွေထဲက မပြုံးခဲ့ရတာတွေ လာစုပြီး
ပြုံးနေရသလိုပဲ။"ဟွန့်.....ဆုတောင်း လေ
အဲ့လိုပြောမယ် ထင်နေလား ""အိုနေတဲ့ နှာဘူး လူကြီး ရေ
သွားပြီဗျို့"အပြောနဲ့ အတူ ထိုလူကြီးရဲ့ခြေထောက်ကို အားပြင်းပြင်းနဲ့ တက်နင်းပြီး ပြေးသွားလိုက်သည်။
လုပ်ချင်ရာ လုပ်ပြီး တန်းနေအောင် ပြေးသွားတဲ့ ကောင်မလေးကို ကြည့်ပြီး
သွားတက်လေးတွေ ပေါ်အောင် ပြုံးမိပြန်သည်။"မင်းက စိတ်ဝင်စားဖို့ ကောင်းတယ်....ချာတိတ် "
Written by
Lae jury nyein2ရက်ကို တစ်ပိုင်း တင်ပေးသွားမှာပါနော်
❤ဒါလေးက free တင်ပေးသွားမှာပါ
YOU ARE READING
ကျွန်မချစ်သူမာဖီးယား
Romanceကျွန်မချစ်သူမာဖီးယား စည်းစိမ်ရှင် "အသက်ကွာ သလို မင်းအပေါ် ချစ်တဲ့ အချစ်ကလည်း အများကြီး ကွာတယ် ဆိုတာ နားလည်ထား ....ကလေး" "အချစ်ကြီးရင် အမြတ်ကြီးတယ်တဲ့ မင်းနဲ့ ပတ်သတ်ပြီး ဘာကိုမှ အတိမ်းစောင်းမခံနိုင်ဘူး..... ချာတိတ်" (မာဖီးယား မှန်း မသိအောင် ဖုန်း ကွ...