Darkness
(26)
[ပန်းခြံထဲက တိုက်ပွဲ]'စိုးရိမ်တယ်? ကိုယ့်ကိုလား?'
"အဟား... ကျွန်တော်က ဘာဖြစ်လို့ မမြင်ရတဲ့ နတ်ဆိုးတစ်ကောင်အတွက် စိုးရိမ်ရမှာလဲ? ကိုယ့်အတွက်ကိုယ် စိတ်ပူနေတာ ဟုတ်ပြီလား? ခင်ဗျားကိစ္စသာပေါ်သွားရင် ကျွန်တော်က ခင်ဗျားကို မွေးထားတဲ့သူဆိုပြီး စွပ်စွဲကြရင်...."
'ဟူး.....'
သက်ပြင်းချပြန်ပြီ။
'မင်းလေးကတော့ကွာ...'
ကျူရန့်က သူ့ကိုအလိုလိုက်နေတဲ့ အသံနေအသံထားနဲ့ ဆိုလိုက်တော့ ဝမ်ချန်း မျက်မှောင်ကျုံ့လိုက်လေသည်။ ထိုအခိုက်တွင် မုန့်တစ်ထုပ်နဲ့ စာအုပ်တစ်အုပ်က လက်တစ်ဖက်စီက ကိုင်ထားသူ ကျောက်ချီက သူ့အနားကို ရောက်ရှိလာ၏။
သူက မုန့်ထုပ်ကို ဝမ်ချန်းလက်မောင်းထဲ ပစ်ထည့်ပေးလိုက်ပြီး ဘေးမှာ ကပ်ထိုင်လိုက်သည်။
"မင်းဒီမှာလာပြီး အချိန်ဖြုန်းနေတယ်ပေါ့? ဘယ်လိုလဲ ကြယ်အစီအရင် ဒုတိယအဆင့်ကို နားလည်သွားပြီလား?"
"နည်းနည်း"
"နည်းနည်း? မင်းကတော်သေးတာပေါ့ ငါဆိုနည်းနည်းလေးမှ နားမလည်ဘူး... ဪ ရှစ်ကျဲက ပြောသေးတယ် ဒီညအပြင်ထွက်ပြီး ရှင်သန်ခြင်းဆေးကို ရှာမယ်တဲ့"
ဝမ်ချန်း ခေါင်းညိတ်လိုက်သည်။
"ငါသိတယ်... ညကျရင်တော့ သတိထားရမယ် သရဲတွေ နတ်ဆိုးတွေက ညပိုင်းမှာ ပိုအားကောင်းကြတယ်"
"ဟုတ်တယ်... ဟုတ်တယ် အဲဒါကြောင့် ငါအစ်မဆီက အဆောင်တောင်းထားသေးတယ်... ဒီမှာလေ ဟီးဟီး... မင်းရော ယူဦးမလား?"
'ငြင်းလိုက်!'
ကျူရန့်က အသံအေးအေးနဲ့ ပြောလာသည်။ ကျူရန့်မပြောလည်း သူငြင်းဖို့စဥ်းစားထားပြီးသား။ သူ့ခန္ဓာကိုယ်မှာ မရေမတွက်နိုင်တဲ့ အဆောင်တွေကို အစ်မဝမ်နဲ့ မားမားဝမ်က ပေးထားတယ်လေ။
ထိုအရာတွေက အစွမ်းထက်သော်လည်း ကျူရန့်အပေါ် မသက်ရောက်တာတော့ နှမြောစရာကောင်းလှသည်။ အကောင်းဆုံး ဆွဲသီးအဆောင်ကတောင် ကျူရန့်ကို ဘယ်လိုမှမနေစေချေ။
YOU ARE READING
Darkness (Complete)