part 1

1.4K 101 4
                                    

ဘဝက တကယ်ကိုပင် ဒရာမာ ဇာတ်လမ်းတွေထပ်ပိုပြီး ဒရာမာဆန်သည်ဟုပင်ပြောရမည်။
ရစ်ခီရှန့်ဘဝတွင် ဒီလိုမျိုး အတင်းအကျပ်ဖိအားပေးပြီးလက်ထပ်ခံရသည့်အခြေအနေသို့ရောက်လိမ့်မည်ဟု တွေးတောင်မတွေးကြည့်မိဖူးပါ။ ယခုလိုပွင့်လင်းမြင်သာနေသည့် ခေတ်ကြီးထဲတွင် ယခုလိုလက်ထပ်ခြင်းမျိုးသည် ဒရာမာ ထဲတွင်သာရှိတတ်သည်ပဲ။

သို့သော်ငြား
ရစ်ခီရှိသည့် ကိုရီးယားရုံးခွဲသို့ တချိန်လုံးလာပြီး နားပူနားဆာလာတိုက်သည့် ရှန်ဟိုင်းမှ အဖေနှင့်အစ်ကိုကို ငဲ့၍ကတစ်ကြောင်း
အနှီလူနှင့်မှလက်မထပ်လျှင် မနက်ဖြန်ပဲသေတော့မလိုလို ခဏခဏ မူးလဲပြနေသည့် အမေ့ကို စိတ်ညစ်၍က တစ်ကြောင်း ဖြင့်သာ ရစ်ခီ ဤမင်္ဂလာဆောင်ကို လက်ခံခဲ့ခြင်းဖြစ်သည်။

ယခုတော့ ဘာဆို ဘာမှမသိသော လူတစ်ယောက်ကို လက်ထပ်ဖို့ နှစ်ဖက်မိဘတွေ့ဆုံပွဲကိုတောင်ရောက်လာရပြီဖြစ်သည်။
ရစ်ခီ့ဘက်က တဖက်လူ၏ ကိုယ်ရေးအကျဉ်းလောက်ကိုတော့ဖြင့်အေးဆေးရှာနိုင်သည်မှန်သော်လည်း လက်ရှိစီးပွားရေးကို အာရုံစိုက်နေရသဖြင့် အနှီကိစ္စ အသေးအမွှားလောက်က စိတ်ထဲတွင်ရှိမနေပါ။
ကိုယ့်ရုပ်ကိုယ့်ရည် ကိုယ့်အဆင့်အတန်း ဖြင့် ကိုက်ညီသည့် မိန်းမတစ်ယောက်လောက်အားရှာယူလို့ရသည် မှန်သော်လည်း စီးပွားရေးကိုပဲ ပိုအာရုံစိုက်မိ နေသောကြောင့် ယခုလို အိမ်က ပေးစားသည့် လူနှင့်လက်ထပ်လိုက်ရခြင်းကလည်း သိပ်မဆိုးဟုဖြည့်တွေးပြီး iPad ကနေ စီးပွားရေးသတင်းတွေကို လိုက်ရှာဖတ်နေလိုက်သည်။

တရုတ်နိုင်ငံရှန်ဟိုင်းအခြေစိုက်ကုမ္မဏီကို ကိုရီးယားမှာ ရုံးခွဲလာဖွင့်ပြီး နှစ်နှစ်အတွင်း ကိုရီးယား-တရုတ် နှစ်နိုင်ငံအခြေစိုက် လုပ်ငန်းစုကြီး ဖြစ်လာသည်အထိ ကြိုးစားနိုင်ဖို့ဆိုတာကလည်း တချို့အ‌ရေးမပါလှသည့်အရာတွေကို ခေါင်းထဲကနေထုတ်ထားဖို့ မဖြစ်မနေလိုအပ်လှပါသည်။

"ရစ်ခီ တော်တော့ နင့်စီးပွားရေးအကြောင်းတွေ ခေါင်းထဲက ခဏ ထုတ်ထား ပြီး အဲ့ iPad ကြီးကို သိမ်းထားလိုက်တော့
ဥက္ကဌ ကင်မ်တို့ မိသားစုရောက်လာတော့မှာ ကောင်းကောင်းမွန်မွန်နေ ငါ မျက်နှာမပျက်ချင်ဘူး"

Married LifeWhere stories live. Discover now