" ဘာအရောင်ဝတ်မှာလဲ ရွေး"
"မင်းကြိုက်တာသာ လုပ်လိုက် မြန်မြန် ပြီးပြီးရော"
မင်္ဂလာ ဝတ်စုံဒီဇိုင်းတွေပါသည့် ကတ်တလောက်ကို မျက်မှောင်ကြုတ်ကြည့်ရင်း စိတ်မရှည်တဲ့လေသံနဲ့ ကင်ဂျီအွန်းက နှုတ်ခမ်းပါးပါးလေးကို မဆိုသလောက်ကလေးဆူပြီးပြောလာတော့ ဟော့ဒီက ရှန်ချွမ်ရွေ့ကပဲ ပြုံးမိရသည်။
အမေက တကယ်တော်တာပဲ ဒီလို ဥစ္စာပေါရုပ်ချော အလိမ္မာ အိမ်ပါ သားမက်လေးကို ဘယ်လိုရှာလာတယ်မသိ။
အဲ အိမ်ကတော့ အဖေလက်ဖွဲ့တဲ့ အိမ်မှာနေမှာဆိုတော့ 'အိမ်ပါ'လို့ သတ်မှတ်လို့ရပေမဲ့ 'အလိမ္မာ' ဆိုတာတော့ မဟုတ်ပါ
ကင်ဂျီအွန်းက ကြောင်လေးလိုပဲ နည်းနည်း ဆိုးချင်သည်
...ကြည့်လေ အခုတောင် ရစ်ခီ့ရုံးခန်းထဲ ဖင်ပူအောင်တောင်မထိုင်ရသေးတာကို နှုတ်ခမ်းက ပိစိလေးဆူနေပြီ
ရုပ်ကို မနည်းတည်ထားတယ်ဆိုပေသည့် ဒီလောက် ပြီးပြည့်စုံနေတဲ့ မျက်နှာနဲ့ ရုပ်တည်တော့လည်း အရမ်းကြည့်ကောင်းတယ် ဆိုတာကလွဲပြီး ဘာဖြစ်လာနိုင်ဦးမှာလဲ..."ရစ်ခီ... ငါ့ကို ဘာတွေကြည့်နေတာလဲ
ရစ်ခီ လို့.."ကင်ဂျီအွန်းက ပေါင်ကိုလာလှုပ်ပြီး သတိပေးမှပဲ ရစ်ခီ သတိပြန်လည်လာရသည်...ကင်ဂျီအွန်း ရဲ့ ချောမောမှုတွေကြောင့်သတိလက်လွတ်ဖြစ်သွားရသည်လေ..
ကင်ဂျီအွန်းကလည်း ရစ်ခီအရမ်းကြည့်နေမိတော့ရှက်တယ် ထင်ပါသည်...နားရွက်တွေရဲနေတာများခရမ်းချဉ်သီးလေးတွေအလားနီစွေးလို့...
"ချောလို့ ကြည့်တာပေါ့ ကျွန်တော် ယူမဲ့ ယောက်ျားပဲဟာ"
"မင်း.... မင်း... အဲ့လိုတွေပြောဖို့စောသေးတယ်မလား"
အစကတော့ ကင်ဂျီအွန်းရဲ့ နားရွက်သားလေးတွေ ဘယ်လောက်ထိ ရဲနိုင်ဦးမလဲ သိချင်လို့ ရစ်ခီက စလိုက်ရုံတင်...
ဒါပေသည့်ရစ်ခီအသံကိုကြားတော့ နားရွက်ဖျားလေးတွေတင်မကပဲ ကင်ဂျီအွန်းရဲ့ မျက်နှာကပါ အနီရောင်အလွှာပါးလေးအုပ်သွားခြင်းကအလွန်တရာဆွဲဆောင်မှုရှိလှသည်...
ကင်ဂျီအွန်းကမှော်ဆရာပဲ အခု ရစ်ခီပြောတာကိုရှက်နေတဲ့ပုံစံလေးကိုက ရစ်ခီ့ကိုအရမ်းပဲပြုစားနိုင်လွန်းသည်....