ရှောင်းမားရဲ့ "အပေါ်ထပ် တက်တော့ "ဆိုတဲ့ စကားကြောင့် ရှောင်းကျန့်မှာ သူအိပ်ခန်းထဲသို့ ၀င်လာတော့တယ်။
ကိုကို ကတော့ ဘယ်သွားမယ်မှန်းပြောမသွားဘူး ။
"ဂေါက် ဂေါက် ရှောင်းကျန့်!"
တံခါးခေါက်ပြီး သူနာမည်ခေါ်တဲ့ မားကြောင့် အမြန်ပဲ အိပ်ယာပေါ်က ထကာ တံခါးသွားဖွင့်ပေးတယ်။
"ရော့ "
လက်ထဲကို ထိုးပေးလာတဲ့ ထမင်းဗန်းကြောင့် ရှောင်းကျန့် ကြောင်ကြောင်လေးနဲ့ယူလိုက်တယ်။
"ညစာ စားလိုက်အုံး အပြင်ထွက်မစားရဲတာငါသိတယ်"
"ကျေးဇူးပါ မား"
"မလိုဘူး"
ခက်ပျက်ပျက် ပြောပြီးချာကနဲ လှည့်ကာ လှည့်ထွက်သွားတာကြောင့် ရှောင်းကျန့်လဲ
တံခါးပိတ်လိုက်တော့တယ်။ထမင်းစားချင်စိတ်မရှိတာကြောင့် စားပွဲပေါ်ကို တင်ပြီး လူက အိပ်ယာပေါ် လှဲချလိုက်တယ်။
အခုနေ့ အဖြစ်အပျက်က မြန်ဆန်လွန်းပါတယ်။
သူကိုကွာရှင်းပြီး တစ်ခြားသူနဲ့ လက်ထပ်လိုက်တာ ရှောင်းကျန့်ရဲ့ ရင်ထဲမှာ
ဘာကိုအလိုကျမှန်းမသိပဲ ရင်ထဲက နာကျင်လာရပြန်ပါတယ်။ငါလုပ်ရပ်က မှားနေသလားလို့ တွေးမိရင်း
အတွေးတွေကို ခါထုတ်လိုက်တယ်။သူ' သဘောကျတဲ့ ပါးဖောင်းဖောင်းလေးတွေကို အိပ်ယာအ၀င် အိပ်ယာနိုးတာက အစ မြင်ရတော့မှာ မဟုတ်တော့ဘူး ...
ပါးဖောင်းဖောင်းလေးနဲ့ နှာခေါင်းလုံးလုံးလေးကို သူသဘောကျမိတာ ၀န်ခံပါတယ်။
ဒါပေမဲ့ ချစ်ဖို့ကြိုစားတယ် မရဘူးလေ ဒါတော့ သူလည်းမတက်နိုင်ဘူး။
ကောင်လေးကိုတော့ သနားတယ်။
ကောင်လေးလဲ ကျေနပ်ရောပေါ့ သူဘေးမှာ 1နှစ်တာကြီး ရှိနေခဲ့တာလေ။
ကောင်လေးက အမြဲပြောတယ်။
"ကျန့်ကော မောင့်ကိုမချစ်နိုင်လဲရပါတယ်တဲ့ မောင်ကပဲ ချစ်ပေးမယ်တဲ့"25နှစ်အရွယ်ကောင်လေးက အရမ်းကို သူအပေါ်မှာ ချစ်မြတ်နိုးပါတယ်။
YOU ARE READING
"အစားထိုးခဲ့ဖူးသည် သို့သော်..." [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝!]
Fanfictionလူတစ်ယောက် အတွက်နဲ့ အစားထိုးခံစားရတဲ့ ခံစားချက်ကသိပ်ကို နာကျင်ရတယ် ။