Part.3

110 12 0
                                    

ငါတကယ်ပဲ သတ်သေဖို့ကြိုးစားခဲ့တာလား ဘာလို့ငါကဘာမှမမှတ်မိရတာလဲ အင်းငါကဒီကလူမှမဟုတ်တာဘယ်လိုလုပ်မှတ်မိမှာလဲ
ဒါပေမဲ့ တကယ်ပဲငါဘာတွေဖြစ်ခဲ့တာလဲ ငါအရမ်းသိချင်တယ် Chae Young ကရှင်းပြပေးပေမဲ့လည်း အဲ့ဒါကအကုန်မှမဟုတ်တာ အဲ့ဒီညကဘာဖြစ်ခဲ့တာလဲဆိုတာ သူလဲမသိဘူးတဲ့ ဘာပဲဖစ်ဖြစ် ဒီကိုရောက်လာပြီးမှတော့ ဒီကလူတွေလိုပဲနေထိုင်ပြီး သူတို့ဖြစ်စေချင်ကြသလို မိဖုရားလုပ်ပေးလိုက်ရုံပဲပေါ့ ဘာပဲဖြစ်ဖြစ် ငါကအချိန်တန်ပြန်သွားရမယ့်လူပဲဟာ
Jisooအတွေးတွေထဲနစ်မြောနေတုန်း ဘေးနားသို့ လူတစ်ယောက်ရောက်လာကာ

''နောက်ထပ်သတ်သေဖို့စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော် မိဖုရားလောင်း''

''Ahh..Khachakiyaa..လန့်လိုက်တာ အသံမပေး ဘာမပေးနဲ့ ဒီမှာ ဘာလို့ကျွန်မကိုစကားလာပြောနေတာလဲ ကျွန်မကိုသိလို့လား''

''ကိုယ့် မိဖုရားလောင်းကိုတော့ က်ုယ်မသိဘဲနေပါ့မလား ''

''ဒါ..ဒါဆို..ရှင်..ရှင်က..ဘုရင်မပေါ့''

''ဟုတ်တာပေါ့''

''Oh My God! တကယ်..တကယ်ကြီးပဲဟ..ဘု..ဘုရင်မတဲ့''

အား ငါတော့သေတော့မှာပဲ ဘုရင်မကိုများ ပြန်ပြောရတယ်လို့ ငါတော့သေတေါ့မှာပဲ
သူငါ့ကိုသတ်လိုက်ရင်ဘယ်လိုလုပ်မလဲ Arnyi yaa သူ့မိဖုရားသူတော့မသတ်လောက်ပါဘူး အမ်ဘုရင်တွေကမိဖုရားလည်းသတ်ကြတာပဲကို ဟာမဟုတ်သေးပါဘူး ဒီလောက်လေးနဲ့တော့ဘာမှမဖြစ်လောက်ပါဘူး

''ဟေ့...ဘာတွေစဉ်းစားနေတာလဲ. ..မိဖုရား''
''ဟို..ဘာ..ဘာမှမစဉ်းစားပါဘူး''
''ဟုတ်ပါပြီ..ဒါနဲ့..ဒီမှာဘာလာလုပ်နေတာလဲ..နောက်ထပ်သတ်သေဖို့ကြိုးစားနေတာလား''
''Arnyi..မဟုတ်ပါဘူး..ကျွန်မကဘာလို့သတ်သေရမှာလဲ....တကယ်လို့သတ်သေချင်တယ်ဆိုရင်တောင်သတ်သေလို့မရဘူး''
''ဘာလို့လဲ''
''ဟိုမှာကြည့်လေ''
Jisooသူတို့နောက်ကအထိန်းတော်တွေနဲ့နန်းတွင်းသူတွေကိုလက်ညိုးထိုးပြလိုက်တယ်

''သူတို့က အဲ့လိုမျိုးနောက်ကနေ တကောက်ကောက်လိုက်နေမှတော့ ကျွန်မကဘယ်လိုလုပ်သတ်သေရတော့မှာလဲ ပြီးတော့ကျွန်မလည်းသတ်သေဖို့စဉ်းစားနေတာမဟုတ်ပါဘူး ဒီတိုက်းကျွန်မ မမှတ်မိတဲ့မှတ်ညဏ်တွေကို ပြန်စဉ်းစားနေတာ Memoryလေ Memory''

အနာဂတ်မှသည် အချစ်များဆီသို့🖤Where stories live. Discover now