Description

110 9 0
                                    

Scroll Down for ZAWGYI.

[UNICODE]

မြေအောက်အကျဥ်းတိုက်ကြီးများ ပေါ်ပေါက်လာခြင်းနှင့်အတူ 'နိုးထလာသူများ' ဟုခေါ်ကြသည့် ဖြစ်တည်မှုများကလည်းထွက်ပေါ်လာခဲ့ကြသည်။ ထို 'နိုးထလာသူများ' သည် မြေအောက်အကျဥ်းတိုက်များထဲသို့ စွန့်စားသွားလာကာ အန္တရာယ်အခက်အခဲစိန်ခေါ်မှုများနှင့်ရင်ဆိုင်နိုင်ကြသည့် အထူးသီးသန့်စွမ်းအားများကိုပိုင်ဆိုင်ကြသူများဖြစ်၏။ ထို့အပြင် ထိုသို့ နိုးထလာခြင်း၏ ကပ်ဘေးများမှ ကြွင်းကျန်ရစ်ခဲ့သော အပျက်အစီးဆုံးရှုံးများကို နဂိုအတိုင်းပြုပြင်ရှင်းလင်းပေးကြသည့် 'ပြုပြင်ထိန်းသိမ်းသူများ' လည်းရှိကြသည်။

ဂျောင်းရီဆောင်း သည် ပြိုလဲပျက်စီးနေသည့်မြို့များအား ပြန်လည်တည်ဆောက်နိုင်သည့်စွမ်းအင်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်သည်။ ကိုရီးယားနိုင်ငံ၏ တစ်ဦးတည်းသော S အဆင့် 'ပြုပြင်ထိန်းသိမ်းရေးစွမ်းအားရှင်' တစ်ယောက်ဖြစ်သည့် သူသည် လူအများ၏ ချစ်ခင်လေးစားမှုကိုရရှိထားသူဖြစ်ခဲ့လေသည်။ သို့သော် တစ်နေ့တွင် အနှီ 'ပြုပြင်ထိန်းသိမ်းရေးစွမ်းအားရှင်' သည် သူ၏အတိတ်အဖြစ်အပျက်များအားထားရစ်ခဲ့ကာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

ထိုနေ့မတိုင်ခင်အထိ။ မေ့ပျောက်ခြင်း မြို့တော်တွင် ခြေရာလက်ရာဖျောက်ကာ ပုန်းကွယ်နေသော ထိုသူ့ထံသို့ S အဆင့် မုဆိုးဖြစ်သူ ဆဟယွန်း ရောက်လာ၍ ကမ်းလှမ်းမှုပြုလုပ်လာလေသည်။

" ...ငါတို့ စာချုပ်ချုပ်ရအောင်လား? "

" ကျွန်တော်စိတ်မဝင်စားဘူး! ကျွန်တော့်နောက်ဆက်မလိုက်ပါနဲ့တော့! "

ရီဆောင်း က ဇွဲကောင်းလွန်းလှသည့် သံသယဖြစ်ဖွယ်လူအားငြင်းရန်ကြိုးစားလိုက်သည်။ သို့သော် သူ့အားမရမနေအနားနားခေါ်ထားချင်သည့် ထိုမုဆိုးအား အီဆောင်းအထင်သေးမိလိုက်သည်။

" မင်းနဲ့ အတူရှိနေတဲ့ အဲ့အလောင်းကောင်တွေလေ....ငါမင်းအတွက်သတ်ပေးမယ် "

မျှော်လင့်ချက်မရှိနိုင်တော့သည်အထိ စိတ်ဓာတ်ကျခြင်း၏အစွန်းဘက်တွင်ရပ်နေသည့် ရီဆောင်းတစ်ယောက်မှာ ရွေးခြယ်စရာမရှိတော့ဘဲ ဆဟယွန်း၏ လက်ကိုသာဆွဲကိုင်ရတော့သည်။

©©©©©

[ZAWGYI]

ေျမေအာက္အက်ဥ္းတိုက္ႀကီးမ်ား ေပၚေပါက္လာျခင္းႏွင့္အတူ 'နိုးထလာသူမ်ား' ဟုေခၚၾကသည့္ ျဖစ္တည္မႈမ်ားကလည္းထြက္ေပၚလာခဲ့ၾကသည္။ ထို 'နိုးထလာသူမ်ား' သည္ ေျမေအာက္အက်ဥ္းတိုက္မ်ားထဲသို႔ စြန့္စားသြားလာကာ အႏၱရာယ္အခက္အခဲစိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္နိုင္ၾကသည့္ အထူးသီးသန့္စြမ္းအားမ်ားကိုပိုင္ဆိုင္ၾကသူမ်ားျဖစ္၏။ ထို႔အျပင္ ထိုသို႔ နိုးထလာျခင္း၏ ကပ္ေဘးမ်ားမွ ႂကြင္းက်န္ရစ္ခဲ့ေသာ အပ်က္အစီးဆုံးရႈံးမ်ားကို နဂိုအတိုင္းျပဳျပင္ရွင္းလင္းေပးၾကသည့္ 'ျပဳျပင္ထိန္းသိမ္းသူမ်ား' လည္းရွိၾကသည္။

ေဂ်ာင္းရီေဆာင္း သည္ ၿပိဳလဲပ်က္စီးေနသည့္ၿမိဳ႕မ်ားအား ျပန္လည္တည္ေဆာက္နိုင္သည့္စြမ္းအင္ကို ပိုင္ဆိုင္ထားသူတစ္ဦးျဖစ္သည္။ ကိုရီးယားနိုင္ငံ၏ တစ္ဦးတည္းေသာ S အဆင့္ 'ျပဳျပင္ထိန္းသိမ္းေရးစြမ္းအားရွင္' တစ္ေယာက္ျဖစ္သည့္ သူသည္ လူအမ်ား၏ ခ်စ္ခင္ေလးစားမႈကိုရရွိထားသူျဖစ္ခဲ့ေလသည္။ သို႔ေသာ္ တစ္ေန႕တြင္ အႏွီ 'ျပဳျပင္ထိန္းသိမ္းေရးစြမ္းအားရွင္' သည္ သူ၏အတိတ္အျဖစ္အပ်က္မ်ားအားထားရစ္ခဲ့ကာ ႐ုတ္တရက္ေပ်ာက္ကြယ္သြားခဲ့သည္။

ထိုေန႕မတိုင္ခင္အထိ။ ေမ့ေပ်ာက္ျခင္း ၿမိဳ႕ေတာ္တြင္ ေျခရာလက္ရာေဖ်ာက္ကာ ပုန္းကြယ္ေနေသာ ထိုသူ႕ထံသို႔ S အဆင့္ မုဆိုးျဖစ္သူ ဆဟယြန္း ေရာက္လာ၍ ကမ္းလွမ္းမႈျပဳလုပ္လာေလသည္။

" ...ငါတို႔ စာခ်ဳပ္ခ်ဳပ္ရေအာင္လား? "

" ကြၽန္ေတာ္စိတ္မဝင္စားဘူး! ကြၽန္ေတာ့္ေနာက္ဆက္မလိုက္ပါနဲ႕ေတာ့! "

ရီေဆာင္း က ဇြဲေကာင္းလြန္းလွသည့္ သံသယျဖစ္ဖြယ္လူအားျငင္းရန္ႀကိဳးစားလိုက္သည္။ သို႔ေသာ္ သူ႕အားမရမေနအနားနားေခၚထားခ်င္သည့္ ထိုမုဆိုးအား အီေဆာင္းအထင္ေသးမိလိုက္သည္။

" မင္းနဲ႕ အတူရွိေနတဲ့ အဲ့အေလာင္းေကာင္ေတြေလ....ငါမင္းအတြက္သတ္ေပးမယ္ "

ေမွ်ာ္လင့္ခ်က္မရွိနိုင္ေတာ့သည္အထိ စိတ္ဓာတ္က်ျခင္း၏အစြန္းဘက္တြင္ရပ္ေနသည့္ ရီေဆာင္းတစ္ေယာက္မွာ ေ႐ြးျခယ္စရာမရွိေတာ့ဘဲ ဆဟယြန္း၏ လက္ကိုသာဆြဲကိုင္ရေတာ့သည္။

©©©©©

နေမင်း၏ခြေရာကောက်ကြောင်းများ[[ဘာသာပြန်]]Where stories live. Discover now