Chapter_2

973 114 8
                                    

ပိတ်ရက်ဖြစ်သော်လည်း ဂယောင်းဆန်းပန်းခြံမှာတော့ လူအနည်းငယ်သာရှိသည်။ ‌လူသိပ်မသိတဲ့ ဆိုးလ်မြို့စွန်က ပန်းခြံအသေးစားလေးမို့ နယ်ခံတစ်ချို့နဲ့ ဖြတ်သွားဖြတ်လာလူတစ်ယောက်စနှစ်ယောက်စကသာ ဧည့်သည်များဖြစ်သည်။ နယ်ခံလဲမဟုတ် ဖြတ်သွားဖြတ်လာလဲမဟုတ်တဲ့ မက်သရူးကတော့ ပန်းခြံပိုင်ရှင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမို့ ဒီကိုမကြာမကြာလာဖြစ်တာဖြစ်၏။

ပန်းခင်းအလယ်တွင်ရပ်ကာ ကင်မရာကိုချိန်လိုက်တော့ ကျူးလစ်ပန်းအဖြူရောင်တွေကြားထဲမှာ တစ်ဝက်တစ်ပျက်နစ်မြုပ်နေတဲ့ နေလုံးကြီးက မြင်ကွင်းထဲကိုဝင်လာသည်။ မက်သရူး သဘောကျစွာ ပြုံးမိ၏။ ရှင်းလင်းတဲ့နောက်ခံနဲ့ လှပတဲ့ပန်းရောင်စုံတို့၏ ပေါင်းစပ်မှုသည် သဘာဝဆန်လွန်းလှသည်မဟုတ်ပါလား။ ဒါကြောင့်လည်း ဒီနေရာကို ပြိုင်ပွဲအတွက် background setting တွေထဲကတစ်ခုအဖြစ် ရွေးချယ်ထားရခြင်းဖြစ်သည်။

" မက်သရူးရေ ၊ ‌ဒီဘက်ကအသစ်ရောက်တဲ့ နှင်းဆီတွေကိုလာကြည့်လှည့်၊ အရမ်းလှတယ် "

ပန်းခင်းတစ်ဖက်ကခေါ်သံကြောင့် မက်သရူးလှည့်ကြည့်လိုက်တော့ သူ့ကိုလက်လှမ်းပြနေတဲ့လူကိုတွေ့သည်။

" ဟုတ်ကဲ့ လာပြီ၊ ဟန်ဘင်းဟျောင်း "

ဟန်ဘင်းဟျောင်းက မက်သရူးနဲ့ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တဲ့ အစ်ကိုအရင်းနဲ့မခြားတဲ့ လူတစ်ဦးဖြစ်သည်။ မိဘမဲ့ဂေဟာမှာ အတူတူကြီးပြင်းခဲ့ပြီး အတူတူကြိုးစားခဲ့ကြတာမို့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်သည် မိသားစုနဲ့ပင်တူသည်။

ဟန်ဘင်းဟျောင်းနားကိုလာနေရင်းမှ တစ်နေရာကိုလှည့်ကြည့်ကာအသည်းယားဟန်ပြုံးနေတဲ့ဟျောင်းကြောင့် သူပါလိုက်ကြည့်မိတော့ ပန်းခင်းဘေးကခုံတွင် မျက်နှာမကြည်မလင်နဲ့ ထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့တာမို့ မက်သရူးသဘောပေါက်သွားရသည်။

" ဟာအိုဟျောင်းရော ရောက်နေတာလား၊ မတွေ့ရတာတောင်ကြာပြီ "

ဟာအိုဟျောင်းက ဟန်ဘင်းဟျောင်းကိုစိတ်ဆိုးနေဟန်ပေါ်သော်လည်း သူ့ကိုတော့လှည့်ကြည့်ကာ ပြုံးပြနှုတ်ဆက်လာသည်။ စကားနည်းတဲ့ဟာအိုဟျောင်းကိုမြင်တော့ စာမလာသတင်းမကြားတဲ့တစ်ယောက်သောသူကိုတောင် မက်သရူးသတိရမိသည်။ အစက ဒီနေရာကိုတစ်ခါတည်းအတူလာချင်ပေမယ့် ပျောက်ချင်းမလှပျောက်နေ‌ သောရစ်ခီရှန်ကြောင့် သူတစ်ယောက်တည်းသာ အရင်လာပြီး view ကောင်းကောင်းရှာနေရတာဖြစ်သည်။ တစ်ပတ်ပြည့်မှ အဆက်သွယ်မရရင်တော့ မော်ဒယ်အသစ်ရှာမှသာ အဆင်‌ပြေပါလိမ့်မည်။

Love or Lie Where stories live. Discover now