INTRO
Unicode //
ကားမှန်ကတစ်ဆင့်ယိုစီးကျနေတဲ့မိုးစက်လေးတွေကိုကြည့်ပြီး သက်ပြင်းထပ်တလဲလဲချနေမိသည်။
" အခုဘယ်ကိုသွားရမှာလဲ ဂျီဂျီ "
မောင်းသူနေရာမှာထိုင်နေတဲ့ ကလေးမအမေးကြောင့် သက်ပြင်းကထပ်ချမိပြန်သည်။
" သူအဆင်ပြေမှာပါနော် "
သူမ ရဲ့စိုးရိမ်ဟန်မျက်နှာကြောင့် ကိုယ်ပါစိတ်ဆင်းရဲမိနေသည်။
" သွားကြည့်ချင်သေးလား "
လေးပင်စွာခေါင်းညိမ့်ပြလာတဲ့ ဂျီဂျီ ကြောင့် အပြာရောင်ပြိုင်ကားလေးကဆေးရုံလေးတစ်ခုဆီသို့ ...
အခန်းဝကနေမြင်နေရတဲ့မြင်ကွင်းက တစ်စုံတစ်ယောက်ရဲ့ရင်ကိုဓားနဲ့အစိမ့်စိမ့်မွှန်နေသလို
" ဧည့်တွေ့ လားရှင့် "
အနောက်ကနေရုတ်တရက်ထွက်ပေါ်လာတဲ့သူနာပြုစကားကြောင့်ကိုယ်လေးတစ်ချက်တုန်သွားသည်။
" လူနာအခြေအနေကဘယ်လိုနေလဲ "
" လူနာက တစ်နှစ်ကျော်ကြာ ကိုမာဝင်သွားပြီးမို့ ဘယ်ချိန်နိုးလာမလဲဆိုတာတပ်အပ်မပြောနိုင်သေးဘူး "
သူနာပြုစကားကြောင့် ကုတင်ထပ်ပေါ်မှာလဲလျောင်းနေတဲ့ကောင်မလေးကိုအားနာစွာကြည့်နေမိသည်။
" သွားကြရအောင် ဂျေ "
အရှေ့ကနေထွက်သွားတဲ့ ဂျီဂျီ့ နောက်ကိုအမြန်လိုက်ပြီး
" ဘာလို့ အမြဲအဲ့လိုရှောင်ပုန်းနေတာလဲ "
ဂျေ့ စကားကြောင့်ခြေလှမ်းတွေဟာရပ်တန့်သွားသည်။
" ဘာကိုပြောချင်တာလဲ "
" အနည်းဆုံးတော့ သူ့မျက်နှာကိုအနီးကပ်ကြည့်ပြီးတစ်ခါလောက်တောင်းပန်သင့်တယ်မလား "
" ကိုယ် မှားခဲ့တာမှန်ပေမယ့် တောင်းပန်လောက်တဲ့ထိအမှားမကျူးလွန်းထားဘူး ဂျေ "
ဂျီဂျီ ရဲ့စကားကြောင့်ပါးစပ်ဟပြီးအံ့ဩရုံသာ
လူတစ်ယောက်လုံးသူ့ကြောင့်ကိုမာဖြစ်ရုံတင်မက သေမလားရှင်မလားတောင်မသေချာဖြစ်နေတာကိုသူကဒီစကားပြောထွက်ခဲ့သည်လား
YOU ARE READING
BETWEEN LOVE AND REVENGE ☘️
FanfictionBeing able to accept a good and bad things is love ... J (R_S) Jensoo// Lisoo//