Part - 3

10 1 0
                                    

စာမေးပွဲဖြေတဲ့ အတောအတွင်းလဲ မောင်နဲ့ မျက်နှာချင်းဆိုင်မတွေ့မိ...

ကျော်ဇင် ပြောပုံအရဆို မောင်က
"စုထက်ဝတီ" ဆိုတဲ့ မောင့်သူငယ်ချင်းကောင်မလေးနဲ့ အတူ ကျောင်းလာတာတဲ့လေ...

မောင် သွေးကိုဘာလို့ရှောင်နေတာလဲမောင်ရယ်

ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ မောင်​ နဲ့ကျွန်တော်နဲ့က စာမေးပွဲဖြေတဲ့အခန်းချင်း မတူတော့ ခေါင်းလောင်းထိုးတာနဲ့ ကျွန်တော်ဖြေတဲ့အခန်းရဲ့ နှစ်ခန်းကျော်က မောင်ရဲ့စာမေးပွဲခန်းရှေ့ ပြေးလာမိတယ် မောင့်ကိုတွေ့ချင်နေတဲ့စိတ်နဲ့

ဒါမယ့် မြင်လိုက်ရတဲ့မြင်ကွင်းက
ကျွန်တော့် ရင်ကို ဓားတုံးတုံးနဲ့ လှီးဖြတ်ခံနေရသလို တဆစ်ဆစ်...

"ဟျောင့် သွေး ဘာလို့ ငါ့ကိုမစောင့်တာလဲကွာ ငါ​မင်းပျောက်လို့ ရှာနေတာ ပြန်များပြန်သွားပြီလားလို့"

"ကျော်ဇင် ငါတို့ပြန်ရအောင်"

ကျွန်တော် ဒီမြင်ကွင်းကို ဆက်ကြည့်နေရရင် မောင့်ကို မုန်းမိလိမ့်မည်...

"ဟင် ဟိုမှာ မောင်မို့လား သူနဲ့ဝတီနဲ့က ဘာတွေလဲကွ ဝတီက ရေလောင်းတာကို ဘာလို့ မောင်က ငြိမ်ခံနေတာလဲ ဝတီ မောင့်ကိုကြိုက်နေတာလဲ မောင်သိရဲ့သားနဲ့ကွာ ဒီကောင် ဒါငရံ့နှစ်ကောင် ဖမ်းတာ မင်းကိုကျ ချစ်တယ် ကြိုက်တယ်ပြောပြီးတော့ ငါသွားပြောမယ် သွေး"

"ထား ထားလိုက်ပါကွာ မောင်စိတ်ကြိုက်နေပါစေ ငါ ငါနဲ့မောင်နဲ့ကလည်း ဖြစ်မှမဖြစ်နိုင်တာ "

"သွေး မင်းငို နေတယ်"

လက်ထဲက ပေတံနဲ့ ဘောပင်အိတ်ကို ကျစ်ကျစ်ပါအောင်စုတ်ပြီး ခေါင်းကြီးငုံ့ပြီး ရပ်နေမိတယ်...

"ငါ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ"

"လာ သွေး ငါတို့ သွားကြမယ်"

"ဟာ ဟျောင့် ကျော်ဇင် တွေ့တာတောင် ငါ့ကို မနှုတ်ဆက်ဘူးကွာ"

ကျွန်တော်နဲ့ ကျော်ဇင်ရှေ့ကို ပိတ်ရပ်လာသောမောင် ဘေးမှ ဝတီကလည်း မောင့်လက်မောင်းကို လာချိတ်သည်...

ကျွန်တော် ကျော်ဇင့် လက်မောင်းကို ကိုင်ထားရာမှာလွှတ်မိသည် မောင့်ကိုတော့ မော့မကြည့်မိ...

မောင် ကျွန်တော့်ကို စိုက်ကြည့်နေတာ ကျွန်တော်သိသည်...

"သွေး နေမကောင်းလို့ ငါအိမ်လိုက်ပို့မလို့ ငါတို့ပြန်တော့မယ်မောင် မင်းရောမပြန်သေးဘူးလား"

"စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ နောက်ကျ မောင်နဲ့တွေ့ရမှာ မဟုတ်တော့ဘူးလေ အ့ကြောင့် မောင်နဲ့ငါ မုန့်သွားစားကြမလို့ မောင်ကလည်းနောက်နှစ် ဆယ်တန်းကို ရန်ကုန်ကို ပြောင်းမှာဆိုတော့ မတွေ့ရတော့ဘူးမို့လား နော် မောင်"

ပထမဆုံး အကြိမ် မောင်နှင့်ပက်သက်၍ မိန်းကလေးတစ်ယောက်ကို ကျွန်တော် မုန်းမိသည်...

"သွားကြပေါ့ကွာ ငါတို့ကတော့ ပြန်ပြီ လာ သွေး ငါတို့ သွားကြမယ်"

ကျော်ဇင့် အကူအညီနဲ့ ကျွန်တော် မောင့်ရှေ့က ထွက်လာနိုင်ပေမယ့် ကျွန်တော့် မျက်ဝန်းထဲက မျက်ရည်တွေကိုတော့ ထွက်ကျမလာဖို့ တားဆီးချိန်မရလိုက်...

လုပ်ရက်လိုက်တာ မောင်ရယ် ဘာလို့ ငါ့ကို လှည့်စားရတာလဲ အစကလည်း မချစ်နိုင်ရင် ချစ်တယ်လို့ မပြောခဲ့သင့်ဘူးမို့လား ဘာလို့လဲ...

ငါ ဘာတွေများ မှားခဲ့လို့ ငါ့ကို ဒီလို လုပ်ရက်ရတာလဲ ချစ်တယ်လို့ပြောခဲ့တာမှ ဆယ်ရက်ကျော်ကျော်လေးဘဲ ရှိသေးတယ် ခုတော့ မောင်က ငါမဟုတ်တဲ့ နောက်ကောင်မလေးတစ်ယောက်နဲ့...

နောက်ဆုံးတော့လည်း မောင့်ကိုချစ်ခဲ့မိတဲ့ ငါကဘဲမှားခဲ့တာပါ မောင်...

.................................................................

အစကတည်းက တကယ် မချစ်ရင် ချစ်တယ်လို့ မပြောသင့်ဘူးလေနော်...

( ဓားတုံးတုံးနဲ့ဆိုတာကလေ  တမင်သက်သက်ရေးထားတာပါနော်

ဓားတုံးတာနဲ့ လှီးတာက ဓားထက်တာနဲ့လှီးတာထက် တစိမ့်စိမ့်နဲ့ပိုနာကျင်ရတယ်တဲ့
တရားနာဖူးတာလေး ရေးထားတာပါနော်)

ယောဒေါဘွန်း ဆားရားငဲ💚

You've reached the end of published parts.

⏰ Last updated: May 28, 2023 ⏰

Add this story to your Library to get notified about new parts!

For My First LoveWhere stories live. Discover now