Chapter-(2)

369 40 4
                                    

"ပီကေ ... မင်း ပီကေ ဟုတ်လား"

"ဘာ ပီကေ လည်း ကျွန်တော့်နာမည် ရှင်းဂျယ်ယွန်း ...ဟမ် လူ့ဂွစွာ ဉီးလေးကြီး"

"ဘာလဲ ဂျောင်ဝန်းလွှတ်လိုက်တဲ့ တစ်ယောက်က မင်းဖြစ်နေတာလား"

"ဟုတ်တယ် ဂျေးကောင်လေးက ကျွန်တော့်ကို ဂျင်းထည့်လိုက်ပြီပဲ"

"ဘာ !! ငါက ဖြစ်နေလို့လည်း" ဟု ဆိုရင်း ဟီဆွန်းက ပြောလိုက်တော့

"ဟုတ်တယ်လေ သူပြောလိုက်တာက အသက်ငယ်ငယ်လေးနဲ့ ဆိုးလ် တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်နေတဲ့ သဘောကောင်း ရုပ်ချောတဲ့ အစ်ကိုကြီးဆိုပြီး အခုတော့ စိတ်မရှည်တဲ့ ဉီးလေးကြီးဖြစ်နေတာပဲ .. ဒီတိုင်းဆို အဆင်မပြေပါဘူး ၃လ တောင်အတူနေရမှာကို"

" ဘာ ငါကလည်း မင်းနဲ့ အဆင်ပြေနိုင်မယ်မြန်း ထင်နေတာလား အခြားသူရှာလိုက်လို့ ရတယ် ငါ့ယောင်္ကျား ဖြစ်ချင်နေတဲ့သူတွေမှ အများကြီး ..ဂျေးကလည်း ဘယ်လို လူကိုမှ ရှာပေးလိုက်လည်း မသိပါဘူးကွာ" ဟုဆိုရင်း အခန်းထဲလည်းမဝင် အပေါက်ဝမှာ ပိတ်ရပ်ပြီး သူ့နဲ့လှမ်းရန်ဖြစ်နေတဲ့ ကောင်လေးကို တမင် ပုခုံးခြင်း ဝင်တိုက်ခဲ့ပြီး ထွက်လာခဲ့လိုက်တော့သည် ။

-🪻-

ဂျယ်ယွန်းလည်း ဟို လူကြီးနဲ့ တွေ့ပြီး တိုက်ခန်းကို ပြန်လာတော့ တိုက်ခန်းမှာ အဆင်သင့်လာစောင့်နေတဲ့ ဂျေး.. ဘာလာလုပ်တာလည်း မပြောလဲ ကြည့်လိုက်တာနဲ့သိသည် သူတို့အခြေအနေကို လာစုံစမ်းတာပဲ ဖြစ်ရမည်

"ရုပ်ကို ကြည့်ရတာတော့ အဆင်မပြေခဲ့ဘူးနဲ့တူတယ်"

"ဟုတ်တယ် အဆင်မပြေဘူး မပြေတာမှ လုံးဝကိုမပြေတာ မင်းငါ့ကို ဘယ်လိုလူနဲ့ပေးတွေ့လိုက်တာလည်း ငါလည်း တော်တော် ခက်ခဲနေလို့ လက်ခံလိုက်မိတာ... ပြန်တွေးကြည့်တော့ ဒီကိစ္စကြီးက အစောကြီးက တည်းလက်ခံသင့်တဲ့ အရာမှမဟုတ်တာ ငါက မင်းနဲ့ မင်းကောင်လေးရဲ့ အပြောထဲ နစ်မြော ယုံစားပြီး ခဏလောက်ရူးသွားတာ"

"ဘာဖြစ်လို့လည်း ဟီဆွန်းဟျောင်းက သဘောကောင်းပါတယ် ရုပ်ရည်ရော အကျင့်စာရိတ္တရော အပြစ်ပြောစရာမရှိဘူး ...သူ့ကိုဆို လိုချင်နေတဲ့သူတွေမှ အများကြီးကို ပြီးတော့မင်းလည်း ဆိုးလ် တက္ကသိုလ်ကို transfer လုပ်မှာမလား သူက ပါမောက္ခဆိုတော့ မင်းနဲ့လည်း အဆင်ပြေတယ်ဆိုပြီး ငါက စေတနာနဲ့ ကူညီတာကို"

𝟑 𝐦𝐨𝐧𝐭𝐡𝐬 𝐚𝐬 𝐡𝐢𝐬 𝐡𝐮𝐬𝐛𝐚𝐧𝐝 // [ HeeJake ]Where stories live. Discover now