Saranghae Junkyu ya 💗

298 18 2
                                    

"Saengil chukahamnida saengil chukahamnida Saranghanin uri Ruto nim Saengil chukahamnida"

"အာ hyung"

သူ့မွေးနေ့အား Surprise တိုက်လာသော hyung ကြောင့် ဟာရုတို၏ အပြုံးတွေဟာ ဖုံးကွယ်‌ထား၍မရနိုင်လောက်အောင်ကို တောက်ပနေခဲ့တယ်။

"ဆန္ဒ"

သူ့ hyung က သူ့ကိုဆုတောင်းခိုင်းနေတာဖြစ်သည်။

ဟာရုတို လက်နှစ်ဖက်အားဆုပ်ကိုင်လျက် မျက်လုံးများအားမှိတ်ချလိုက်၍ ဆုတောင်းခြင်းအားပြုလုပ်လိုက်သည်။

သူ မျက်လုံးဖွင့်လိုက်တာနှင့် hyung ကပြုံး၍ ဖယောင်းတိုင်လေးအားမှေးငေါ့ပြလိုက်ခြင်းကြောင့် အလိုက်သိစွာပင်မီးမှုတ်လိုက်သည်။
ကိတ်ပေါ်တွင်ရှိသော ချယ်ရီသီးလေးအားနှိုက်စားလိုက်၍ ခရင်အား hyung ၏ ပါးပြင်တစ်ဖက်အားသုတ်လ်ုက်သည်။

"ဟာ ရုတိုရား"

ဟာရုတို ပြုံးရယ်လိုက်၍ ချက်ခြင်းဆိုသလိုပင် သူသုတ်လိုက်သော hyung ပါးထက်တွင်ရှီခရင်အား သူမြန်စွာစုပ်ယူစားသုံးလိုက်သည် ။သူ့လုပ်ရပ်ကြောင့် hyung ရဲ့ ချစ်စရာအူတူတူဖြစ်သွားသောပုံစံလေး။ဟာရုတို အသည်းယားစွာပင် ခရက်အားထပ်မံယူလိုက်၍ hyung နှာတံလေးအားတို့လ်ုက်သည်။ထို ခရင်ကိုလည်းပထမတစ်ခေါက်လိုပင် ဟာရုတို လျှာဖျားလေးဖြင့်ယူ၍ စားသုံးလိုက်သည်။

"ရု ရုတို"

"ဟား ဟား အရမ်းချစ်စရာကောင်းတာပဲ hyungက"

ဟာရုတို ဂျွန်ဂယူ၏နှာထိပ်လေးအား ခပ်ဖွဖွဖျစ်လိုက်၍ အသည်းယားစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ငါ ကလေးမဟုတ်ဘူးနော် ရုတို"

ခပ်စွာစွာပြောလာသော သူချစ်ရသည့်hyung။

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ဂျွန်ဂယူကိုင်ထားသော ကိတ်အားဟာရုတိုလွှဲယူလိုက်၍ စားပွဲပေါ်သို့တင်လိုက်သည်။

"Hyung ဒီကိုလာ"

ဂျွန်ဂယူအား သူ့ပေါင်ပေါ်သို့လာထိုင်ရန် ခေါ်နေခြင်းပင်ဖြစ်သည်။

ဂျွန်ဂယူ ဟာရုတို၏ပေါင်ပေါ်သို့တစ်ခြမ်းစောင်းထိုင်လိုက်သည်။ရုတိုထိုင်နေသော ဆိုဖာရှည်ပေါ်သို ဂျွန်ဂယူ ဟာရုတိုပေါ်ကန့်လန့်ဖြတ်ထိုင်လိုက်ခြင်းဖြစ်သည်။သူ့ပေါင်တွေဟာ ဟာရုတိုပေါင်ပေါ်သို့ကန့်လန့်ဖြတ်အနေအထားနှင့်ပင်ဖြစ်သည်။ဂျွန်ဂယူလက်များက ဟာရုတို၏ပုခုံးအားသိုင်းဖက်ထားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

사탕(Candy)🍭💗Where stories live. Discover now