" ဟေ့...ဘယ်သွားမလို့လဲ "ပြုံးတုံးတုံးမျက်နှာထားနှင့်ဖိုးသားသည် ဆိုင်ကယ်ကို
အိမ်ဘေးအမိုးအောက်မှ ထုတ်လာရင်း အသံကြားသဖြင့်
လန့်သွားသည် ။" အကြော်သွားဝယ်မလို့ " ဟု အရှက်ပြေမသိမသာ
ဖြေလိုက်သည် ။ ဘေးအိမ်က သဘောမနောကောင်းေကာင်းဦးလေးက ငါသိပါတယ်ကွာ ပုံစံမျိုးဖြင့် ပြုံးစိစိဖြစ်နေသည် ။" အကြော်ဆိုင်က လမ်းထိပ်မှာလေ "
" အဲ့အကြော် မဟုတ်ဘူး။ ဈေးကအကြော် ဝယ်မလို့ "ဟု
မြန်မြန်ပြောပြီး အိမ်ကမြန်မြန်ထွက်လာရတယ် ။
တော်ကြာ ဒီဦးလေးဆက်ပြောနေရင် မလွယ်တော့ဘူး ။
အကုန်ပေါ်ကုန်တော့မယ် ။............
ဖိုးသားသည် ဆိုင်ကယ်ကို လီဗာ ၂ ထားပြီး
အိမ်မှထွက်လာခဲ့သည် ။ ပြီးမှ တဖြည်းဖြည်း အရှိန်ရလာသဖြင့်
လီဗာ ၃ လီဗာ ၄ တစ်ဆင့်ချင်း ပြောင်းလိုက်ကာ
အကြော်ဆိုင်လေးဆီ ထွက်လာခဲ့သည် ။ဖိုးသား၏မိသားစုသည် သာမာန်လူလတ်တန်းစားများသာ
ဖြစ်ကြပြီး အတင့်အသင့်ဂုဏ်ရှိကြသည် ။
အဖေက ရုံးဝန်ထမ်း ၊ အမေက ကျောင်းဆရာမ
ဖြစ်ကြသလို ဖိုးသားအလည်ခဏခဏသွားတတ်ေသာ
အမေ့ဘက်မှ ဖေကြီးမေကြီး တို့ကလည်း
ရွာဘက်တွင် ကိုယ်ပိုင်လယ်နဲ့ယာနဲ့ ဖြစ်ကြသေးတယ် ။
အဖေ့ဘက်ကလည်း သားသမီးများကြသလို
တစ်ယောက်တစ်လှည့် ထောက်ပံ့ပေးနိုင်ကြသည် ။
ထို့ကြောင့် မိသားစု၏ငွေရေးကြေးအခြေအနေသည်
အတင့်အသင့်လည်းဖြစ်ကာ
အမိအဖတို့ကိုလည်း သိပ်မထောက်ပံ့ရချေ ။
ဖိုးသားသည် မိမိ၏ဘဝပေးအကျိုးကောင်းမွန်မှုကို
တွေးကာ ကျေနပ်နေလေသည် ။ဪ....သူမကရော ဘဝပေးအခြေအနေ
ကောင်းမွန်ရဲ့လား ။ဘထင်မိသမျှတော့
မိမိလောက်မကောင်းသော်လည်း သူမကရော သူမကိုယ် သူမ ဘယ်လိုတွေးလဲတော့ မသိပေ ။ သူမသည် ဖတဆိုးလေး ဖြစ်သည် ။ ဖတဆိုးဖြစ်သဖြင့် အနည်းငယ် ဆိုးချင်သည် ။
အရင်တစ်ခေါက်ကစာမေးပွဲတွင်ဆိုလျှင် မိမိသည်
ဘာသာရပ်တိုင်းအောင်ကာ အခန်းတွင်း၌
အဆင့်ကောင်းသော်လည်း သူမကတော့ နှစ်ဘာသာကျသဖြင့် မိဘအခေါ်ခံရသည် ။ သူမသည် စာသာမတော်သော်လည်း အရာရာကို မတရားလျှင်မကြိုက် တရားမှသာကြိုက်ပြီး
အတန်းထဲတွင် ဆတ်ဆတ်ထိမခံ စွာတာလန်လေးလည်း
ဖြစ်သဖြင့် အတန်းထဲမှ အချို့ကောင်လေးတွေရဲ့
မျက်မုန်းကျိုးခြင်းကိုလည်း ခံရသေးသဖြင့် မိမိမှာ
စိတ်ထဲမှာသာ သနားနိုင်သည် ။ညအပြင်ပန်းမှာသာ သူမအပေါ် သနားနေတာ သူမမြင်ရင် အရမ်းစိတ်ဆိုးတတ်တာ
မိမိသိသောကြောင့်တည်း ။