Cozy

1.2K 112 5
                                    





Oh, love of my life
Every time when I'm with you
Feels like I'm in Heaven
You're my one and only Love

♡♡♡♡♡



ပျော်ရွှင်မှုဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဖွင့်ဆိုကြသည်။

ငယ်ငယ်က အမေဆီက မုန့်ဖိုးအများကြီးရတာ၊
စားချင်တဲ့ မုန့်တွေ ကြိုက်သလောက် စားရတာ၊
ကစားစရာအသစ်တွေ လက်ဆောင်ရတာ စသဖြင့်
ဒါတွေက ကလေးဘ၀ရဲ့ ပျော်ရွှင်မှုတွေပေါ့။

နည်းနည်းလေးကြီးလာတော့ စာမေးပွဲကောင်းကောင်း ဖြေနိုင်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားရတာပဲ ဖြစ်ဖြစ် အသေးအမွှားကိစ္စလေးမှာပါ ပျော်ရွှင်မှုကို ရှာဖွေတတ်လာသည်။

ဒါဆိုရင် ဘ၀ရဲ့ ပျော်ရွှင်ခြင်းအရသာဆိုတာကကော ဘာများဖြစ်မလဲ။


ဟီဆွန်းအတွက်တော့ မနက်နိုးလာတိုင်းမှာ ချစ်ရတဲ့သူရဲ့ မျက်နှာလေးကို မြင်လိုက်ရတာကိုက  သူ့ဘ၀ရဲ့ ပျော်ရွှင်မှုပါပဲ။

နိုးထလာတဲ့ နက်တိုင်းမှာ ချစ်ရသူက ဟီဆွန်းရဲ့ နံဘေးမှာ ရှိနေခဲ့တယ်။

တစ်ခါတစ်လေ လက်မောင်းကို ခေါင်းအုံးလုပ်ကာ အိပ်နေတတ်သလို၊ တစ်ခါတစ်လေတော့လည်း ရင်ခွင်ထဲကို တိုး၀င်နေတတ်သည်။

များသောအားဖြင့်ကတော့ ဟီဆွန်းကို တက်ခွပြီး အိပ်ပျော်နေတာပါ။

ဘယ်လိုပဲဖြစ်နေပါစေ ဘ၀တစ်သက်တာ ထာ၀ရချစ်သွားရမယ့်သူက နိုးထလာရမယ့် မနက်ခင်းတိုင်းမှာ ကိုယ့်ဘေးနားမှာ ရှိနေရင်ကိုက ဒါဟာ မတောင်းပဲ ပြည့်သော ဆုလာဘ်တစ်ခု။

မနက် မျက်လုံး၂လုံးပွင့်လာတာနဲ့ ဟီဆွန်း ဦးဆုံးလုပ်တာက ချစ်ရသူရဲ့ ပါးပြင်လေးကို လက်လေးနဲ့ သွားထိကြည့်ရတာပဲ။

အိကျိအိကျိ ဂျယ်လီတုံးဖြူအုအုလေးက သိပ်ကို ကိုင်လို့ကောင်းတာ။ တစ်ခါတစ်လေဆို အသည်းယားလို့ သွားသွားကိုက်မိပါသေးတယ်။ ချစ်သူ‌လေးကသာ အိပ်ပျော်နေလို့ မသိရှာ။

နှာတံစင်းစင်းလေးရဲ့ ဘေးမှာ မှည့်နက်လေးတစ်လုံးကရှိနေသလို၊ ကော့ညွှတ်‌နေတဲ့ မျက်တောင်လေးတွေကလည်း လှလွန်းလို့ ရူးလောက်ချင်စရာ။

Cozy || HeehoonWhere stories live. Discover now