(10)

1.1K 148 49
                                    

"တစ်ခါလောက်ပဲလေ မရဘူးလား?"

သူ့မေးခွန်းကို ဂျစ်တူးညီလေးက မဖြေဘဲ စိုက်သာကြည့်နေတော့ Ricky ဆက်မေးကြည့်ဖို့ အားပါမရှိတော့။ ကင်မ်ဂယူဘင်းကျေးဇူးနဲ့ သူက တစ်မနက်ခင်းလုံး နည်းလမ်းမျိုးစုံထုတ်သုံးပြီးနေပေမယ့် ဟန်ယူဂျင်းဆိုတဲ့ ငတိလေးက မလိုက်ချင်ဘူးချည်းပဲ ပြောနေတာ အခါတိုင်းလိုလို။

"ဟူး....."

"လိုက်ခဲ့ပါ ချူးဆော့မှာ မိသားစုနဲ့တူတူနေရတာကပုံမှန်ပဲဟာ နောက်ပြီး ဟျောင်းက အခုချိန်ထိလည်း ယူဂျင်းနီးရဲ့အစ်ကိုပဲလေ"

"မိသားစုဆိုတာ မရှိတော့တာကြာပြီ ဟျောင်း... ပစ်ထားသွားတဲ့မိသားစုကို ကျွန်တော်က လွမ်းပေးသင့်သေးတာလား"

"မဟုတ်ဘူးလေ ဟျောင်းပြောချင်တာက ယူဂျင်း ဟျောင်းနဲ့တူတူ ချူးဆော့မှာတူတူရှိနေတော့ မကောင်းဘူးလားလို့လေ ကိုယ့်ညီလေးနဲ့အတူတူရှိချင်တာ အဲ့ဒါကြောင့် ယူဂျင်းနီးက တူတူလိုက်လာလို့မရဘူးလား"

"ကျွန်တော် Shenအိမ်တော်က ထွက်လာတာ လေးနှစ်ကျော်နေပြီ ဟျောင်း"

"အင်းပါ ဒါပေမယ့်လည်း~"

"ဟျောင်း!!!"

ဆတ်ခနဲထအော်တဲ့ ယူဂျင်းကြောင့် Rickyက ခါးကိုအလိုလိုမတ်ပြီး ပြောချင်တဲ့စကားတွေလည်း ပါးစပ်ထဲမှာတင် ဆို့နင့်သွားရ၏။ ကင်မ်ဂယူဘင်းနဲ့အနေများသွားလို့ သူ့ညီလေးလည်း ဆိုးပေလာပြီထင်ပါရဲ့... ဒီခရီးတူတူလိုက်ခဲ့ဖို့ကို သူဘယ်လိုများ နားချရပါ့။

"လိုက်ခဲ့မယ် ဟုတ်ပြီလား ပြန်တော့ ကျွန်တော်နားတွေပူနေပြီနော် ဟျောင်း"

"တကယ်လား အဲ့ဒါဆို ယူဂျင်းအဝတ်အစားတွေထုပ်ထားလိုက်မယ်နော် မပူနဲ့ ဟျောင်းက ယူဂျင်းဝတ်နေကျအကင်္ျီတွေ မှတ်မိသေးတယ်"

"​ေဟျာင်းကို ကျွန်တော်ဘာမှကို မပြောတော့ဘူး လုပ်ချင်တာသာလုပ်တော့"

"ဒါဆိုပြန်ပြီနော် အလုပ်ကြိုးစားလိုက်အုံး ယူဂျင်းနီး"

လက်သီးဆုပ်ပြပြီး အားပေးရင်း ထွက်လာခဲ့ကာ အခုချိန်မှာတော့ သူ့ခြေလှမ်းတွေဟာ အိမ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်။ မနက်ဖြန် 28ရက်နေ့ကြရင် သွားရ​တော့မယ့် ခရီးအတွက် အထုပ်အပိုးတွေကို ပြင်ရအုံးမယ့်အပြင် အလုပ်နောက်ကျမဲ့ ယူဂျင်းအတွက်ပါ အထုပ်ကူပြင်ပေးရအုံးမည်။

SORE Where stories live. Discover now