ရှင်တို့ဆီမှာနဲ့ မတူပဲ ထူးခြားတဲ့ ကျွန်မတို့နေရာလေးတစ်ခုရှိတယ်။
အဲ့ဒါကတော့ ကျွန်မတို့ဆီမှာ မိန်းကလေးတွေက အများဆုံး ယောက်ျားသုံးယောက်ယူခွင့်ရှိတယ် တစ်ပြိုင်ထဲမှာပေါ့။
ဒါမှမဟုတ်ရင်လည်း တစ်ယောက်ကိုယူပြီးမှ နောက်တစ်ယောက်ကို ယူရင််လည်း ရတာပဲ။အယ် တစ်ခုက ရည်းစားထားရင်လည်း သုံးယောက်ထပ်တော့ ပိုခွင့်မရှိဘူးတဲ့။တစ်ပြိုင်နက်ထားတာကိုပြောတာပေါ့နော်။
တစ်ယောက်နဲ့ပြတ်သွားလို့ နောက်တစ်ယောက်ကတော့ ကိစ္စမရှိဘူးပေါ့။အဲ့ထက်ပိုရင်တော့ မိန်းမယုတ်တို့
မိန်းမပျက်တို့ ဘာတို့ပြောခံရတာပေါ့။ကျွန်မမှာလည်း အစက ရည်းစားသုံးယောက်ရှိခဲ့တယ် ။
ဒါပေမဲ့ နှစ်ယောက်က သူတို့အချင်းချင်း
ပြန်ကြိုက်နေကြပြီး နောက်တစ်ယောက်
ကတော့ နှာဘူးမျိုးနွယ်ဝင်ပေါ့ ။အဲ့တော့ ကျွန်မလည်း ဖြတ်ပလိုက်တယ်။
ခုတော့ ကျွန်မဟာ တစ်ယောက်ထဲ
တောက်ပနေတဲ့ စင်ဂယ်တစ်ယောက်ပေါ့။ယောက်ျားလေးတွေမှာတော့ အဲ့လို
တစ်ပြိုင်ထဲထားမရဘူး။ထားချင်ရင်လည်း လျှို့ဝှက်ပြီးထားရတာပေါ့။
ဒါပေမဲ့ ဒီတစ်ခုပဲကွာသွားတာပါ။
ကျန်တာအကုန်အတူတူပဲ။မိန်းကလေးတွေကလည်း ယောက်ျားလေးတွေနဲ့အတူတူ ရင်ဘောင်တန်းနိုင်တယ်။
ဒီ့ထက်ပိုသိချင်ရင်တော့ ဆက်စောင့်ကြည့်ပေါ့နော်။
YOU ARE READING
Flower,butterfly and star
Romanceပုံမှန်နဲ့မတူတဲ့နေရာမှ နေထိုင်ရတဲ့သူမ အဲ့နေရာဟာ မိန်းမတွေမှာ ယောက်ျားသုံးယောက်ယူခွင့်ရှိတယ် ရည်းစားသုံးယောက်ထားခွင့်ရှိတယ် သူမနာမည်က ပန်းပွင့်သဏ္ဌာန် ပန်းပွင့်လေးကိုကြိုက်မိတဲ့လိပ်ပြာလေးတစ်ကောင် သူ့နာမည်က ခေါင်မင်းမှူးတာ ပန်းပွင့်လေးကိုသဘောကျမိတဲ့ ...