Intro

76 4 1
                                    

ရှင်တို့ဆီမှာနဲ့ မတူပဲ ထူးခြားတဲ့ ကျွန်မတို့နေရာလေးတစ်ခုရှိတယ်။

အဲ့ဒါကတော့ ကျွန်မတို့ဆီမှာ မိန်းကလေးတွေက အများဆုံး ယောက်ျားသုံးယောက်ယူခွင့်ရှိတယ် တစ်ပြိုင်ထဲမှာပေါ့။
ဒါမှမဟုတ်ရင်လည်း တစ်ယောက်ကိုယူပြီးမှ နောက်တစ်ယောက်ကို ယူရင််လည်း ရတာပဲ။

အယ် တစ်ခုက ရည်းစားထားရင်လည်း သုံးယောက်ထပ်တော့ ပိုခွင့်မရှိဘူးတဲ့။တစ်ပြိုင်နက်ထားတာကိုပြောတာပေါ့နော်။
တစ်ယောက်နဲ့ပြတ်သွားလို့ နောက်တစ်ယောက်ကတော့ ကိစ္စမရှိဘူးပေါ့။

အဲ့ထက်ပိုရင်တော့ မိန်းမယုတ်တို့
မိန်းမပျက်တို့ ဘာတို့ပြောခံရတာပေါ့။

ကျွန်မမှာလည်း အစက ရည်းစားသုံးယောက်ရှိခဲ့တယ် ။

ဒါပေမဲ့ နှစ်ယောက်က သူတို့အချင်းချင်း
ပြန်ကြိုက်နေကြပြီး နောက်တစ်ယောက်
ကတော့ နှာဘူးမျိုးနွယ်ဝင်ပေါ့ ။

အဲ့တော့ ကျွန်မလည်း ဖြတ်ပလိုက်တယ်။

ခုတော့ ကျွန်မဟာ တစ်ယောက်ထဲ
တောက်ပနေတဲ့ စင်ဂယ်တစ်ယောက်ပေါ့။

ယောက်ျားလေးတွေမှာတော့ အဲ့လို
တစ်ပြိုင်ထဲထားမရဘူး။

ထားချင်ရင်လည်း  လျှို့ဝှက်ပြီးထားရတာပေါ့။

ဒါပေမဲ့ ဒီတစ်ခုပဲကွာသွားတာပါ။
ကျန်တာအကုန်အတူတူပဲ။

မိန်းကလေးတွေကလည်း ယောက်ျားလေးတွေနဲ့အတူတူ ရင်ဘောင်တန်းနိုင်တယ်။

ဒီ့ထက်ပိုသိချင်ရင်တော့ ဆက်စောင့်ကြည့်ပေါ့နော်။

Flower,butterfly and starWhere stories live. Discover now