Part 9

720 38 8
                                    

"ထည့်စားကြ ကျုပ် ချက်ထားတာဘယ်လိုနေမလဲတော့မသိဘူး မကောင်းလဲဒါပဲရှိတယ်"

အပြောဆိုးပေမဲ့ စေသနာနဲ့ပြောမှန်း ဇာန်နဲ့ယွန်းထည်သိပါသည်။ယွန်းထည်လဲ ရိုင်းအားပြုံးပြလိုက်ပြီး.....

"ရိုင်းချက်တာ စားကောင်းပါတယ် အရမ်းကောင်းတာ"

"ဒါဆိုလဲများများစား ကျုပ်အိမ်ရှေ့မှာထိုင်နေမယ်"

"ဟုတ်"

ရိုင်းလဲသူတို့နှစ်ယောက်လွတ်လွတ်လပ်လပ်စားရအောင်အိမ်ရှေ့သို့ထွက်ကာထိုင်ကာရေနွေးသောက်နေလိုက်သည်။သူတစ်ယောက်ထဲနေတာကြောင့်ဖြစ်သလိုသာစားသောက်သည် တော်သေးသည် ဒီနေ့ဟင်းအမျိုးများများချက်ထားတာ ကွက်တိဖြစ်သွားသည်။

"ဇာန် မင်းလဲ ရိုင်းကို တအားအမြင်မကြည်ဖြစ်မနေပါနဲ့ "

"ငါက ဘာအမြင်မကြည်ဖြစ်နေလို့လဲ"

"မင်းပဲ သူ့ကိုအမြင်မကြည်ဖြစ်နေပြီးတော့ကို"

"အမြင်မကြည်တာမဟုတ်ဘူး ကြည့်မရတာ"

"သူကအပြောသာဆိုးတာ သဘောကောင်းပါတယ်"

"သိတယ်လေ"

"အဲ့တာဆို မင်းက ဘာလို့~~~"

"တော်ပြီ စကားမများနဲ့ ထမင်းသာစား"

"ဟွန့်"

သူပြောတာတောင်မပြီးသေးပဲ ဇာန်က ဖြတ်ပြောလိုက်တာမို့ သူလဲ ဇာန့်ကိုထပ်မပြောချင်တော့တာကြောင့် ထမင်းသာဆက်စားနေလိုက်သည်။ ရိုင်းချက်ထားတဲ့ ဟင်းတွေကတော်တော်လေးကို အရသာရှိသည်။

~~~~~~~~~~~~~~~~

ယွန်းထည်ထမင်းစားပြီးသွားပေမဲ့ ထမင်းစားပွဲတွင်ဆက်ထိုင်နေရသည် အကြောင်းမှာတော့ စျာန်ကသူစားပြီးထိစောင့်တဲ့လေ။

"ပြီးပြီ သွာစို့"

ယွန်းထည်နဲ့ ဇာန်လဲ ဟင်းပန်းကန်များအား အုပ်စောင်းနှင့်သေချာပြန်အုပ်လိုက်ပြီး စားပြီးသားပန်းကန်လေးတွေကိုယ်စီကိုင်ကာ အပြင်ဘက်သို့ထွက်လာပြီး....

"ရိုင်း ပန်းကန် ဘယ်နားဆေးရမလဲဟင်"

"ထားခဲ့လိုက်တာ မဟုတ်ဘူး ကျုပ်ဆေးမှာကို"

မောင့်ယွန်းထည် (ရပ်နား)Where stories live. Discover now