(Unicode)
လက်ရှိရိပေါ်ကကားပြိုင်ကွင်းထဲရောက်နေပြီး သူ့ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားတဲ့ Sports ကားပေါ်မှ အဆင့်သင့်နေရာယူထားတယ် ဘေးနားကသူမန်နေဂျာယွဲ့မင်ကတော့ သူကိုစိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည့်နေပြီး အဆက်မပြတ်တရားဟောလိုနေတယ်
"အိမ်ရှေ့စံသာဒီကိုလာတာကို ခမည်းတော်နဲ့မယ်တော်သာသိရင် ကျွန်တော်အသတ်ခံရနိုင်တယ်"
"သူတို့က အခုလောက်ဆိုရင်တစ်နေရာရာမှာ ပရဟိတလုပ်အားပေးတွေကို ဆုတွေချီမြှင့်နေလို အားမှမဟုတ်ဘူး ကျွန်တော်တို့စိတ်ကြိုက်လုပ်ချင်းတာလုပ်လိုရတယ် ပူမနေစမ်းပါနဲ့"
ဒါကတော့ရိပေါ်ရဲ့ဘဝဖြတ်သန်းတဲ့ပုံစံပဲ့...ပြိုင်ပွဲစတာနဲ့ရိပေါ်ကကားလေဗားကိုအရှိန်ကုန်နင်းပြီး ကားကိုတစ်ပတ် ပတ်ရမ်းလို့တစ်ခြားကားတွေကိုကျော်တက်လာတယ် ဘေးကယွဲ့မင်ရဲ့ ကြောက်လန့်တကြားအော်သံကလဲ သူနားကိုအတော်လေးအူသွားစေတာတော့အမှန်ပဲ့...
"အရှိန်လျော့ပါအုန်း အိမ်ရှေ့စံမင်းသား"
"သေလိုက်ပါတော့လား? ခုမှပျော်ရွှင်စရာတွေစမှာကို"
"ဗျာ!!!"
ရိပေါ်က သူ့ Ferrari ကားကိုအရှိန်ကုန်ထပ်တင်လိုက်ပြီး သူရှေ့မှကျန်နေသေးတဲ့ကားတွေကိုဖြတ်ကျော်လိုက်တယ် ရိပေါ်ကားရဲ့စက်သံနဲ့အတူ ရိပေါ်ကအားလုံးရဲ့ထိပ်ဆုံးကိုရောက်ရှိလာတယ်
"ကျွန်တော်ပြောတယ်မလား? ဒီပွဲမှပထမရသူကကျွန်တော်ပဲဖြစ်ရမယ်လို့!"
ရိပေါ်ရဲ့ကားက ပန်းဝင်ဖို့သိပ်မလိုတော့တဲ့အချိန်မှာပဲ့ ဘယ်ကမှန်းမသိတဲ့ကားတစ်စီက သူရဲ့ကားရှေ့မှပိတ်ရပ်လာပြီး သူပုံကိုအဆက်မပြတ်ရိုက်လာတယ်
"ပထမ မရခင်ကျွန်တော်တို့အရင်ပြေးရတော့မယ်ထင်တယ် အိမ်ရှေ့စံလေး"
ရိပေါ်က Belgium မြို့တော်ရဲ့မင်းသားတစ်ပါးဖြစ်ပြီး ငယ်ငယ်လေးထဲက သူ့မိဘတွေထားတဲ့ပုံစံခွက်ထဲကအတိုင်းကြီးပြင်းလာရတဲ့သူတစ်ယောက်ဖြစ်တယ် သူမိဘတွေ စီစဉ်ထားပေးတဲ့နေ့စဉ်အချိန်ဇယားကို မသွေ မသိမ်းလိုက်လုပ်ရတာက သူအတွက်အရမ်းကိုပျင်းရိစရာကောင်းတယ် အထူးတစ်ဖြစ် နေ့တိုင်းတက်ရတဲ့ဆွေးနွေးပွဲတွေနဲ့ ညစာစားပွဲတွေကသူကိုအရမ်းပင်းပန်စေတယ်
YOU ARE READING
The Royal Prince (One Short)
Short Storyဒါလေးကတော့ ZSWWMMFC ကလုပ်တဲ့ Project မှာပါဝင်ရေးသားထားတဲ့ Fic လေးဖြစ်ပါတယ်ဗျ ♡.