👑1👑

9.3K 308 18
                                    

မိုးရေတပေါက်ပေါက်ကြသည့်မြေပြင်ကိုငေးကြည့်ရင်းလေပြေလေးတွေတိုက်ခတ်လာတဲ့အခါအေးကနဲဖြစ်သွားတာကြောင့်လက်မှောင်းကိုပွတ်သတ်လိုက်မိသည်။

ချစ်ရသူရဲ့မျက်နှာကိုပြန်မြင်ယောင်ရင်းမျက်ရည်ပေါက်ကနဲကျလာခဲ့သည်။

များလွန်းသည့်ငွေပမာဏကိုဘယ်လိုရှာပေးရမလဲ။ရှောင်းကျန့်ကတစ်ကောင်ကြွက်အိပ်ဖို့စားဖို့တောင်အနိုင်နိုင်။အဖွားဆုံးပြီးကတည်းကကိုယ်တစ်​ယောက်ထဲရုန်းကန်နေရသည့်ဘဝ။

မျက်ရည်တွေကိုသုတ်ကာပြတင်းပေါက်ကိုပိတ်ပြီး အခန်းထဲကထွက်လာခဲ့သည်။

------------
"ကိုယ့်ကိုကူညီပါနော်..ကျန့်ကျန့်"

ရုန်းဟွာရဲ့ညည်းတွားသံကိုရှောင်းကျန့်နားထောင်နိုင်စွမ်းမရှိတော့ပေ။

"ကျွန်တော်ကူညီပါ့မယ်..ဒါပေမဲ့ဖွားချန်ခဲ့တဲ့အိမ်ကလေးကိုတော့မရောင်းနိုင်ဘူး "

"ကျစ်! ရောင်းလိုက်ပါကွာ..ကိုယ်တို့လက်ထပ်ပြီးရင်ကိုယ့်အိမ်မှာလိုက်နေလေ"

ခင်ဗျားမိဘတွေကကောကျွန်တော့်ကိုကြည်ဖြူမလားလို့မေးလိုက်ချင်ပါသည်။

"ငွေကိုရအောင်ရှာပေးမှာပါ.အိမ်တော့မရောင်းနိုင်ဘူး."

ခပ်ပြတ်ပြတ်ပြောပြီ..ခုံပေါ်ကထလိုက်စဉ်..ရုန်းဟွာကရှောင်းကျန့်လက်ကိုဆုပ်ကိုင်လိုက်သည်။

"ကူညီပေးလို့ကျေးဇူးပါအချစ်ရာ..ဒီပြသနာတွေအားလုံးပြီးရင်.ကိုယ်တို့လက်ထပ်ကြမယ်လေနော်"

"အင်း..ခင်ဗျားသာ အဲ့ဒီအမျိုးသမီးနဲ့ထပ်မတွေ့ပါနဲ့လား"
ရုန်းဟွာမျက်နှာကတော့ပျက်ယွင်းသွားလေပြီ။

"အမေကစီစဉ်ပေးနေတာပါ..ကိုယ်သူ့ကိုမကြိုက်ပါဘူး.ယုံပါနော်..ကိုယ်မင်းကိုချစ်တယ်.ယုံတယ်ဟုတ် ကိုယ့်ကို ရုန်းကောလို့ခေါ်လေး ဘာ ခင်ဗျားလဲကွာ.ဟင်"

"အင်း"
ရှောင်းကျန့်ခေါင်းသာညိတ်ပြလိုက်သည်။ကျောင်းသားဘဝကတည်းကညီလေးလိုချစ်ပေးကာဂရုစိုက်ပေးပြီးအဘွားဆုံးသွားတော့လဲကိုယ်အားကိုးရာမို့ကိုယ့်ကိုဖွင့်ပြောတာကို မငြင်းတော့ပဲလက်ခံခဲ့ကာချစ်သူအဖြစ်နဲ့လဲဂရုစိုက်ချစ်ပေးမှုတွေကြောင့်ရုန်းကောကိုအားကိုတွယ်တာရပါသည်။

👑အငွါးကိုယ္ဝန္ေဆာင္👑👑အငှါးကိုယ်ဝန်ဆောင်👑(Complete) Where stories live. Discover now