👑4👑

4.5K 283 12
                                    

ကျယ်ဝန်းတဲ့ခြံထဲမြက်ခင်ပေါ်တွင်ပန်းပင်များကိုစိုက်ပျိုးနေသည့်ရှောင်းကျန့်။
နေအရမ်းပူတာမို့တစ်ကိုယ်လုံးချွေတွေချည်းစီးကျနေတော့သည်။
ရှောင်းကျန့်ဆိုတာ..တစ်ရက်လုံးအလုပ်တွေနဲ့ပိနေတဲ့လူမျိုး။
ဒီလိုငြိမ်နေရတာရှောင်းကျန့်စတိုင်အဟုတ်ပါ။
အလုပ်ရှိမှနေတတ်တာ။
ပန်းအိုးထဲအသစ်စိုက်ထဲထားတဲ့ပန်းပင်လေးတွေကိုကြည့်ပြီပြုံးလိုက်မိတယ်။ဒီပန်းတွေကြီးပြင်းလာပြီဖူးပွင့်တာကိုကြည့်နေနိုင်တော့မည်။
အရင်ကဆို.အလုပ်နဲ့အိမ်​ပြေးနေရတာမို့ပန်းစိုက်တဲ့အလုပ်ဆိုတာရှောင်းကျန့်နဲ့မအပ်ဆက်တဲ့အလုပ်ပဲ။
ပန်းအိုးလေးတွေကိုစနစ်တကျစီရင်းနှဖူးပေါ်ကချွေးတွေကိုသုတ်ကာအိမ်ဘက်ဆီသို့ပြန်လာခဲ့သည်။
အိမ်ထဲဝင်တော့ကျန်းလီကသံပုရာရည်တစ်ခွက်ကိုင်ပြီအဆင်သင့်စောင့်နေတယ်။
သံပုရာရည်လေးသောက်ကျေးဇူးတင်စကားပြောပြီး.ကိုယ့်အခန်းထဲပြန်လာကာခဏနားလိုက်တယ်။

ရှောင်းကျန့်ပန်းခြံထဲဝင်သွားတာနဲ့ကျန်းလီကတားခဲ့ပေမဲ့ရှောင်းကျန့်ကကိုယ်တိုင်ပဲပန်းစိုက်ဖူးချင်တာကြောင့်ခွင့်ပြုပေးလိုက်ရသည်လေ။

မွေ့ယာပေါ်ချထားတဲ့ဖုန်းကိုယူကာရုန်းဟွာဆီသို့ဆက်လိုက်သည်။
ဒီတစ်ခါမှာတော့တစ်ဖက်ကရုန်းဟွာမှာခပ်မြန်မြန်ပင်ဖုန်းလုကိုင်တယ်။

_______________________
တစ်ဖက်တွင်.. အသစ်ဆက်ဆက်CEO Wang ရဲ့ရုံးခန်းထဲတွင်..
အလုပ်စားပွဲပေါ် laptop ကိုစူးစိုက်ကြည့်ကာခပ်ပြုံးပြုံးဖြစ်နေတဲ့ဝမ်ရိပေါ်နှုတ်ခမ်းတွေ။
ခြေလေးချိတ်မေးထောက်ကာစိတ်ဝင်စားစရာကောင်းတဲ့အရာကိုကြည့်နေရသလိုအရမ်းပျော်ရွှင်နေပုံပင်။

Laptop ဖန်သားပြင်ပေါ်တွင်..ဖုန်းပြောရင်းတစ်ချက်ချက်ပြုံးနေတဲ့ရှောင်းကျန့်မွေ့ယာပေါ်ထိုင်လိုက်..၊ ခုံပေါ်ထိုင်လိုက်နဲ့လက်သည်းတွေကိုကိုက်နေသေး။

ရှောင်းကျန့်ကတကယ်ပျေ်ာနေတာ။
မသိရင်..မိဘတွေမသိအောင်ရည်းစားခိုးထားပြီစိတ်လှုပ်ရှားကာ.ဖုန်းခိုးပြောရလို့ပျော်နေတဲ့ဆယ်ကျော်သက်လေးလိုပဲ။

👑အငွါးကိုယ္ဝန္ေဆာင္👑👑အငှါးကိုယ်ဝန်ဆောင်👑(Complete) Where stories live. Discover now