မိုးတွေသည်းကြီးမဲကြီး ရွာနေတဲ့ ညခင်းတစ်ခုရဲ့ ကောင်းကင်ဟာ နီမြန်းလျက်
ကျွန်မဟာ ကော်ဖီခွက်ကလေးတစ်ခွက်အား ကိုင်ဆောင်လျက် မှန်ပြတင်းပေါက်နားသို့ ထွက်လာခဲ့သည်။
ထို့နောက်ကျွန်မ စာရင်းစာအုပ်များအားဖွင့်ကာ laptop တစ်လုံးနှင့်အလုပ်များအားလက်စသတ်မိသည်။
ကျွန်မဟာ မိုးရာသီကိုအင်မတန်မှ နှစ်သက်သော မိန်းကလေးငယ်တစ်ယောက်။ လက်ရှိကျွန်မဟာ စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး တစ်ခါတစ်လေမှာလည်း အွန်လိုင်းတွေ စာတိုများတင်လျက်ရှိသော မိအမျိုးသမီးတစ်ယောက် ကျွန်မရဲ့ စာတိုများထဲမှာ ထိုသူ့၏အကြောင်းဟာ အမြဲမပါမဖြစ်...။ အခုလိုအလုပ်လုပ်နေရင်းနှင့်လဲ သတိရတတ်သေးသည်။
"သွင်... လွမ်းတယ် အရမ်းပဲ"
ထိုသို့နှင့် ကျွန်မရဲ့ အတွေးများဟာ လွန်ခဲ့သော အတိတ်ကာလများဆီသို့
________________________________________
ကျွန်မတို့ ဆုံတွေ့ခဲ့သောနေ့သည် ရွက်ဟောင်းကြွေသော နွေဦး၏နေ့ရက်တစ်ရက် တစ်နည်းအားဖြင့် ကျောင်း၏နှုတ်ဆက်ပွဲနေ့... မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းတွေရဲ့နှုတ်ဆက်ပွဲဟာ သင်္ကြန်ကဲ့သို့ပင် ကိုယ်သဘောကျရသော မိန်းကလေး သို့မဟုတ် ယောကျာ်းလေးကို ရေလိုက်ပတ်ကြသည်။
ကျွန်မ နာမည်ဟာ "သံစဉ်ဟန်သာ"
ဟန်သာတို့ဟာ ကျောင်းတွင်း၌လှည့်ပတ်ခါလမ်းလျှောက်နေစဉ် စိုစွတ်လာသော အင်ကျီအားသတိထားမိစဉ်တွင်းမှာပဲ အမှတ်မထိတွေ့လိုက်ရသော ထိုအမျိုးသားလေးတစ်ဦး...
ထိုအမျိုးသားဟာ ဟန်သာ့အား ရေလာလောင်းခြင်းဖြစ်သည်။ ခွင့်မတောင်းပဲ ရေလောင်းခြင်းကြောင့် စိတ်ဆိုးခဲ့ပေမဲ့ ထိုအမျိုးသားဟာ ဟန်သာ့ဆရာ၏ အားကိုးအရဆုံးကျောင်းသားအပြင် ဟန်သာ၏စီနီယာပါဖြစ်နေသောကြောင့် ဒေါသများအားပြန်မျိုချမိသည်။
ကျွန်မတို့ဟာ တွေ့တိုင်း" စာအကြောင်း၊ စာမေးပွဲအ
ကြောင်းသာပြောနေကြတာမို့ ထိုအမျိုးသားရဲ့ မျက်နှာကိုတောင် စေ့"မကြည့်မိ အခုတော့ ကျွန်မတို့ဟာ အကြည့်ချင်းဆုံမိသည်။
YOU ARE READING
သွင်...
Short Story- "ကိုယ်က ဟန်သာ့ကို အမြဲစောင့်ကြည့်နေမှာ ကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့ကိုယ်စားကြယ်လေးတွေက အမြဲတမ်းစောင့်ကြည့်နေမှာ ဟန်သာရဲ့.. " သွင်မင်းဟန် - "သွင်ကလေ ကြယ်လေးတွေလိုပဲ...။ တိမ်တွေဖုံးတဲ့နေ့တွေမှာဆိုရင်သာ ပျောက်ကွယ်သွားတတ်ပြီး အခြားနေ့တွေမှာဆို လမ...